Wednesday, March 7, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ ဖြူစင်နှလုံးသားသွေးလှူရှင်အသင်း၏ တစ်နေ့တာ သွေးအလှူ လှုပ်ရှားမှုများ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၈)ရက်






၂၀၁၈-ခုနှစ်၊ မတ်လ(၇)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဆီဆိုင်မြို့ ဖြူစင်နှလုံးသား သွေးလှူရှင်အသင်းက ကျေးရွာမှာလာသည့် လူနာများအတွက် သွေး(၅)အိတ် လှူဒါန်းပေးခဲ့ပါကြောင်း သိရှိရပါသည်။

မတ်လ(၇)ရက်နေ့ သွေးအလှူရှင်များမှာ မဥမ္မာမြင့်၊ ကိုအောင်နိုင်ဦး၊ ဒေါ်လဲ့လဲ့ဝင်း၊ ခွန်ရဲထက်နိုင်၊ ဒေါ်သင်းသင်းတို့က လူနာများကို အချိန်မီသွေးလှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ကျမနောက်နေ့မှ သွေးအလှူရှင်တွေအတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာနှင့် သွေးလှူခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးတွေကို ပြောပြပေးမယ် ကျေးရွာသားတွေဆီ အသိတရားတွေ ရောက်သွားရင် သူတို့လဲ လှူချင်လာမှာပါဟု ဖြူစင်နှလုံးသားသွေးလှူရှင်အသင်း ဘဏ္ဍာရေးမှူး အသင်းလှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် မဝေဝေစိုး ပြောကြားချက်အရ သိရှိရပါသည်။

၎င်းအသင်းသည် စေတနာရှင် အလှူရှင်များ၏ ကူညီလှူဒါန်းပံ့ပိုးပေးမှုဖြင့် ပရဟိတလုပ်ငန်းများကို နေ့စဉ်အဆင်ပြေစွာ ဆောင်ရွက်ပေးလျှက်ရှိပြီး ကျေးရွာများမှ မိဘပြည်သူများ ပူးပေါင်းပါဝင်နိုင်အောင် ဆက်လက်လှုပ်ရှားပေးသွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌဖြစ်သူ ဦးစံဝင်းမောင် ပြောပြချက်အရ သိရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.