Saturday, March 3, 2018

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများ နိပွန်ဖေါင်ဒေးရှင်း(စေတနာ)အဖွဲ့မှ ဆောက်လုပ်လှူဒါန်းသည့် (၃၀၀)ပြည့် မူလွန်ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၅) ရက်









၂၀၁၈ ခုနှစ်၊ မတ်လ(၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)မှ ဆောင်လုပ်လှူဒါန်းသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ လုံဟေးကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားနှင့် ကျောင်း(၃၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နိပွန်ဖောင်းဒေးရှင်း(စေတနာအဖွဲ)ရဲ့ ကူညီပံ့ပိုးပေးမှုတွေကြောင့် စီမံကိန်းဒေသဖြစ်သည့် ကျေးရွာတွေ မှာရှိသည့် ကျောင်းသားလူငယ်တွေရဲ့ ပညာရေးနဲ့ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တွေမှာ အထောက်အကူပြုနိုင်ခြင်း၊ စီမံကိန်းကနေ စာသင်ကျောင်းများ ပြုပြင်တည်ဆောက်ပေးမှုတွေကြောင့် ဒေသအတွင်းမှာ ကျောင်းဆောင်သစ်တွေ တိုးပွားလာသလို ကျောင်းတက်သည့် ကျောင်းသားဦးရေလည်း ပိုမိုတိုးတက်လာကြောင်း နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

လုံဟေးကျေးရွာမှ ဒေသခံတစ်ဦးက အခြေခံအကျဆုံးသော လူသားအရင်းအမြစ်ဖြစ်တဲ့ ပညာရေးဖော်ဆောင်မှုကို ရေရှည်တည်မြဲနိုင်ရန် ကြိုးစားလုပ်ဆောင်ပြီး ငြိမ်းချမ်းစွာ ပညာသင်ကြားခြင်းဖြင့် အနာဂါတ်သားကောင်းမွေးဖွားနိုင်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးမည်ဖြစ်ကြောင်းကိုလည်း ပြောကြား ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟဲအိစစကာဝါ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းဆရာ/မနှင့် ကျောင်းသူ ကျောင်းသားများ၊ ကျေးရွာဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နီပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ ဆောက်လုပ်လှူဒါန်းခဲ့သည့် လုံဟေး အခြေခံပညာ မူလလွန်ကျောင်းဟာ ပေ(90-30)အရွယ်၊ (၁)ထပ်ကျောင်းဆောင် (အုတ်)နံရံ၊ (အင်္ဂတေ)ကြမ်းခင်း၊ (အလူဇင့်)သွပ်မိုး၊ (၅)ခန်းတွဲရေလောင်းအိမ်သာ(၁)လုံး၊ ရေလှောင်ကန်(၂)ကန်၊ အလံတိုင်၊ ကျောင်းသားစာရေးခုံနှင့် ထိုင်ခုံ(၄၀)စုံ၊ ဆရာ/မ စားပွဲခုံနှင့်ထိုင်ခုံ(၄)စုံ၊ ဝိုက်ဘော့(၄)ချပ်တို့ဖြစ်ပြီး စုစုပေါင်းကုန်ကျငွေမှာ ကျပ်(၅၂၀)သိန်း ကျော်ဖြစ်ကြောင်း သိရသည်။

နီပွန်ဖောင်းဒေးရှင်း(စေတနာအဖွဲ့)မှ ပံ့ပိုးငွေ ကျပ်(၄၃၀)သိန်းကျော်၊ ဒေသခံ ပြည်သူများမှ ပူပေါင်းပါဝင်ငွေမှာ ကျပ်(၈၀)သိန်းကျော်ဖြစ်ကြောင်း သိရှိရသည်။

မျင်းမိုရ်ခွန်
Powered by Blogger.