Monday, March 19, 2018

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု (၅)နှစ် စီမံကိန်း သုတေသနဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉)ရက်


 



မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(MIID)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ(CSO)များ ပူးပေါင်း၍ ဒီကနေ ၂၀၁၈ခုနှစ်၊ မတ်လ(၁၉)ရက်၊ တနင်္ဂလာနေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက် ဖွံ့ဖြိုးမှု (၅)နှစ် စီမံကိန်း သုတေသနဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို နံနက်(၉း၀၀)နာရီတွင် စတင်ကာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနရုံးချုပ်မှ ရုံးအဖွဲ့မှူး  စောခွန်ကျော်စင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Myanmar Institute for Integarted Development) မှ အမှုဆောင်အရာရှိ Joern Kristensen က အဖွင့်အမှာစကား  ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကွင်းဆင်းသုတေသန ဆောင်ရွက်ခြင်းတွင် အဓိက ပါဝင်ရမည့် သုတေသန အချက်အလက်များကို ပြုစုခြင်း၊ ပအိုဝ်းဒေသပညာရှင်များမှ အဓိကကျသည်ဟု ထင်မြင်သောနေရာများနှင့် (MIID)ပညာရှင်များမှ သွားရောက်လေ့လာရန်အတွက် အကောင်းဆုံး လုပ်ဆောင် ချက်များ(သို့) လိုအပ်သောနေရာများ စသည့် အကြံပြုချက်များ ပေါင်းစည်းနွေးနွေးခြင်း၊ မြို့နယ်တစ်ခုချင်းစီ၏ အချက်အလက်များကို ဆွေးနွေးခြင်း၊ အခန်းကဏ္ဍအလိုက် ဖွဲ့စည်းထားသော အဖွဲ့များအတွက် တွေ့ဆုံရမည့် ပါဝင်သူများနှင့် ကျေးရွာများစာရင်းကို ညှိနှိုင်းခြင်း စသည်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၂-ခုနှစ်တွင် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(MIID)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်းရှိ လူမှုရေးအသင်းအဖွဲ့(CSO)များ ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု (၅)နှစ် စီမံကိန်းရေးဆွဲခဲ့ပြီး ပအိုဝ်းဒေသအတွက် အခြေခံအုတ်မြစ်များဖြစ်သော လမ်းတတားများ၊ ပညာရေးနှင့် ကျန်းမာရေးအတွက် အခြေခံအဆောက်အအုံများ၊ လူမှုစီးပွား အခြေခံကောင်းများ အဓိကထား လုပ်ဆောင်နိုင်ရန် ရေးဆွဲခဲ့ပြီး ယခုထပ်မံရေးဆွဲမည့် (၅)နှစ် စီမံကိန်းတွင် ပအိုဝ်းဒေသ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

နဂ့ါခွန်
Powered by Blogger.