Saturday, April 28, 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ်အတွင်း ဆောက်လုပ်ခဲ့သည့် စော်ဘွားရေလွှဲဆည် ရေထိန်းတံခါး တည်ဆောက်ခြင်းနှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဆီဆိုင်မြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များ ကွင်းဆင်းကြည့်ရှု့

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၈) ရက်






ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ်အတွင်း ဆောက်လုပ်ခဲ့သည့် စော်ဘွားရေလွှဲဆည် ရေထိန်းတံခါး တည်ဆောက်ခြင်းနှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဆီဆိုင်မြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များက ၂၀၁၈ခုနှစ်၊ ဧပြီလ (၂၈)ရက်တွင် ကွင်းဆင်းကြည့်ရှုးစစ်ဆေး  ခဲ့ကြောင်း သိရသည်။

အဆိုပါ စော်ဘွားရေလွှဲဆည်သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ် အနောက်ဘက် (၁၃)မိုင်အကွာတွင်တည်ရှိပြီး ၂၀၁၄-၂၀၁၅ခုနှစ်မှစတင်တည်ဆောက်ပြီး  နမ့်တဘတ်ချောင်းမှ အခြေခံ၍  တူးမြောင်အရှည် (၄၉၅၀၀)ပေ၊ တူမြောင်းအကျယ်(၂၀)ပေ၊ တူးမြောင်းအဆောက်အဦး(၃၅)ခု၊ ကွန်ကရစ်ရေထိန်းတံခါး (၄`x ၃`) (၅)ပေါက်၊ တောင်သူအကျိုးပြုဧက (၃၀၀၀)ကျော်ခန့်ကို ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စော်ဘွားရေလွှဲဆည်ရေထိန်းတံခါးတည်ဆောက်ခြင်းနှင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းသို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူနေမှုဘဝ ဖွံဖြိုးတိုးရေးကော်မတီအဖွဲ့ဝင် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဖြားခွန်သန်းထူး၊ ဆီဆိုင်မြို့ မြို့နယ်အဆင့်လုပ်ငန်း လုပ်ငန်းအရည်အသွေးစိစစ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းဖွင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ခွန်စိန်မင်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နမ့်တဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်ဇော်ခမ်း နှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များက ကွင်းဆင်းကြည့်ရှုးစစ်ဆေးခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

Powered by Blogger.