Wednesday, April 4, 2018

ဖြူစင်နှလုံးသားသွေးလှူရှင်အသင်း ဖာလိုင်ကျေးရွာတွင် သောက်ရေသန့်များသွားရောက်လှူဒါန်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၄)ရက်

 ‌


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော့ကျေးရွာအုပ်စု၊ ဖါလိုင်ကျေးရွာတွင် ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းက သောက်ရေသန့်အလှူကို ‌(၄-၄-၂၀၁၈) ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းသည် ရေရှားပါးသည့် ၎င်းကျေးရွာကို မြို့ပေါ်ရှိအလှူရှင် အသီးသီးက စုပေါင်းလှူဒါန်းကြသည့် အလှူငွေများဖြင့် ရေသန့်ဘူးကြီး (၁၅၀) သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

၎င်းကျေးရွာသည် နှစ်စဉ်နှစ်တိုင်း နွေရာသီတွင် ရေအခက်အခဲပြဿနာနှင့် ကြုံနေရပြီး အဝီစိတွင်းကို ၃ကြိမ်တိုင်တိုင် တူးကြပေမယ့် ရေမထွက်ပဲ ရေကိစ္စနှင့်ပတ်သက်ပြီး ဒုက္ခရောက်ကြရကြောင်း သိရှိရပါသည်။ ‌ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းအနေဖြင့် နောက်ထပ်သောက်ရေသန့်များကို သွားရောက်လှူဒါန်းပေးသွားဦးမည်ဖြစ်ကြောင်း မဝေဝေစိုး ဒေါ်နန်းခမ်းရွှေ တို့ပြောပြချက်အရ သိရှိရပါသည်။ ‌

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.