Saturday, April 28, 2018

ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဖြားခွန်သန်းထူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ဆီဆိုင်-စံကား လမ်းပိုင်း သွားရောက်ကြည့်ရှု

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၇) ရက်



၂၀၁၈ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဆီဆိုင်- စံကား(၁၇)မိုင် လမ်းကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူနေမှုဘဝ ဖွံဖြိုးတိုးရေးကော်မတီအဖွဲ့ဝင် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဖြားခွန်သန်းထူး၊ ဆီဆိုင်မြို့ မြို့နယ်အဆင့်လုပ်ငန်း လုပ်ငန်းအရည်အသွေးစိစစ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းဖွင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ခွန်စိန်မင်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဆိုင်- စံကား (၁၇)မိုင် လမ်းကို ၂၀၁၇-၂၀၁၈လွှတ်တော်ဂတိဂဝတ်ဘတ်ဂျတ်ဖြင့် ဆောက်လုပ်သော ဆီဆိုင်-စံကား လမ်းသည် အကျယ် (၁၂)ပေရှိ ကတ္တာရားလမ်း(၇)မိုင် နှင့် ကျောက်ချောလမ်း (၆)မိုင် မြေသားလမ်း (၄)မိုင် တို့ကိုသွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

Powered by Blogger.