Wednesday, May 2, 2018

နောင်တရားမြို့တွင် (၃၄) ကြိမ်မြောက် ပအိုဝ်းစာပေ (ဗဟို) ဆရာဖြစ်သင်တန်း ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၂) ရက်















ပအိုဝ်းစာပေပြန့်ပွားရေး သံဃာတော်အဖွဲ့မှ ဦးဆောင်၍ (၃၄) ကြိမ်မြောက် ပအိုဝ်းစာပေ (ဗဟို) ဆရာဖြစ်သင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ နောင်တရားပရိယတ္တိစာသင်တိုက်တွင် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့မှ ဧပြီလ (၈) ရက်နေ့အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပအိုဝ်းစာပေဆရာဖြစ်သင်တန်းကို တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်၊ ပင်လုံမြို့နယ်၊ လွိုင်လင်မြို့နယ်၊ နမ်စန်မြို့နယ်၊ မောက်မယ်မြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ် နှင့် ဖယ်ခုံမြို့နယ်ရှိ ရဟန်းသံဃာတော်များ၊ သာမဏေများ၊ သီလရှင်များ၊ မျိုးဆက်သစ်လူငယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြောင်းသိရသည်။

ပအိုဝ်းစာပေဆရာဖြစ်သင်တန်းကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားပြီး ယခုနှစ် (၃၄) ကြိမ်မြောက် ဆရာဖြစ်သင်တန်းကို သံဃာ (၂၁၃) ပါး၊ သာမဏေ (၈၄) ပါး၊ သီလရှင် (၁၂) ပါး၊ မျိုးဆက်သစ်လူငယ် ကျား (၈၄၃) ဦး၊ မျိုးဆက်သစ်လူငယ် မ (၉၉၄) ဦး၊ စုစုပေါင်း (၂၁၄၃) ဦးတက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း၊ နန်းတင်တင်ဦး
Powered by Blogger.