Friday, May 11, 2018

ဗုဒ္ဓရက္ခိတကျောင်းတိုက်(ကက္ကူ)တွင် လူငယ်များအတွက် ဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၁၁) ရက်



၂၀၁၈ ခုနှစ်၊  မေလ(၉)ရက်နေ့ညနှင့် မေလ(၁၀)ရက်နေ့ညတို့တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာ၊ ဗုဒ္ဓရက္ခိတကျောင်းတိုက်တွင် English Four Skills၊ ကွန်ပျူတာနှင့် တံဆိပ်ရိုက်သင်တန်း လာတက်ရောက်ကြသော လူငယ်များအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲကို ကျင်းပခဲ့သည်။

ဟောပြောသည့်အကြောင်းအရာများထဲတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာ၊ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာ၊ မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြှားခြင်းဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာတို့ ပါဝင်သည်။ ဟောပြောပွဲတက်ရောက်သည့်သူများမှာ ကျောက်တလုံးမြို့နယ်(ခွဲ)၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ အထက်တန်း၊ တက္ကသိုလ်ကျောင်းသူကျောင်းသူများ နှင့် သံဃာတော်များဖြစ်ပြီး တက်ရောက်သူစုစုပေါင်း(၇၀)ဦးခန့် ရှိသည်။

ခွန်မျတ်ရဲုင်း
Powered by Blogger.