Friday, May 18, 2018

မြန်မာနိုင်ငံတွင်း ကျား/မရေးရာတန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးတွင်ပါဝင်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၁၈)ရက်







၂၀၁၈-ခုနှစ်၊ မေလ(၁၈)ရက်နေ့၊ (၁၀း၃၀)အချိန်တွင် တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ မင်းကံကောင်းစားသောက်ဆိုင်၌ မြန်မာနိုင်ငံတွင်း ကျား/မရေးရာတန်းတူညီမျှမှုရှိရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးတွင်ပါဝင်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံကိန်း” မိတ်ဆက်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အဖွင့်အမှာစကားပြောကြားပေးပြီး ပဲ့ကိုင်ကော်မတီအဖွဲ့ဝင် ကျား/မ ရေးရာတန်းတူညီမျှရေးကွန်ယက် ဒေါ်ကျော့ကျော့ခိုင်မှ နှုတ်ခွန်းဆက်အမှာစကား ဆက်လက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် အစီစဉ်မန်နေဂျာ ဒေါက်တာထက်ဝေဦးနှင့် ဒေါက်တာနှင်းရွှေဇင်လှိုင်တို့မှ စီမံကိန်းအကြောင်းမိတ်ဆက်ခြင်းနှင့် ပထမနှစ်လုပ်ငန်းစဉ်အကြောင်းများ ၊ မဇွန်ဖြူလင်း(Project Coordinator, DCA- NCA)မှ စီမံကိန်း၏ Assessmentအကြောင်းကို အနည်းငယ်ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများမှ မည်သို့ပါဝင်နိုင်မည့်အကြောင်းများကို ဆွေးနွေးခြင်းစသည်များကို အသီးသီး မိတ်ဆက် ရှင်းလင်းပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ စီမံကိန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ စွမ်းဆောင်ရည်နှင့် ကျား/မရေးရာ တန်းတူညီမျှရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် ကောင်းမွန်သောအုပ်ချုပ်စီမံမှုနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွင် ပါဝင်သူများ၏ ပူးပေါင်းပါဝင်မှုအားကောင်းတိုးတက်လာစေရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထိုစီမံကိန်းသည် ဥရောပသမ္မဂ္ဂအဖွဲ့မှ ထောက်ပံ့ပေးပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၁-ခုနှစ်၊ ဇန်န၀ါရီလအထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး စီမံချက်လျာထားငွေ ပမာဏမှာ ယူရို (၂၂)သန်းကျော်ဖြစ်ပြီး လျာထားငွေ၏ (၁၀)%ကို ဒီစီအေ- အန်စီအေ မြန်မာမှ ထည့်ဝင်ထားသည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို စီမံကိန်းကို ကျား/မရေးရာ တန်းတူညီမျှရေး ကွန်ရက်၊ ဒီစီအေ- အန်စီအေ မြန်မာနှင့် ပျိုးပင်အင်စတီကျု့တို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ CSO အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၇၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ယံသေ၊ နန်းတဆံထီ
Powered by Blogger.