Wednesday, May 23, 2018

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် အကြိုမေးခွန်းများ မေးမြန်းနိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၂၃) ရက်




၂၀၁၈ခုနှစ်၊ မေလ(၂၃)ရက်၊ နေ့လည်(၁း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် အကြိုမေးခွန်းများ မေးမြန်းနိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ သတင်းစာရှင်းလင်းပွဲ ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပေးခဲ့ကာ ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် ဒုတိယ(၁)နှစ်တာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအား သက်ဆိုင်ရာ ပြည်နယ်အဆင့်ဆင့်ဌာနဆိုင်ရာအချို့များမှ ၎င်းတို့၏ တစ်နှစ်တာဆောင်ရွက်ချက်များကို အကျဉ်းချုပ် ရှင်းလင်းပေးခဲ့ကြောင်းသိရှိရပါသည်။

လာမည့်(၂၅.၅.၂၀၁၈)တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ နေ့လယ်(၁း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။

နန်းတဆံထီ

Powered by Blogger.