Saturday, May 5, 2018

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်လျှောက်ထားရယူပုံနှင့် စိုက်ပျိုးရေး နည်းစနစ်ကောင်းများ ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၆) ရက်








၂၀၁၈ ခုနှစ်၊ မေလ (၅) ရက်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ခဲကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)နှင့် Lendesaအဖွဲ့တို့ ပူးပေါင်း၍ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်လျှောက်ထားရယူပုံနှင့် စိုက်ပျိုးရေး နည်းစနစ်ကောင်းများ ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ တက်ရောက်လာသော လူကြီးမင်းများနှင့် ဒေသခံပြည်သူများမှ နောင်ခဲဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ ငါးပါးသီလနှင့် သြ၀ါဒစကားများ နာယူခဲ့ပါသည်။ ထို့နောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင်မှ အမှာစကားပြောကြားခြင်း၊ Landesa အဖွဲ့ Operation Direction Mr.David Abraham မှ အမှာစကားပြောကြားခြင်း၊ Landase အဖွဲ့ ဦးဇော်ဝင်းမှ သင်တန်းဆရာများ မိတ်ဆက်ပေးခြင်းနှင့် အဖွဲ့၏ ဆောင်ရွက်ချက်များအာ ရှင်းလင်းတင်ပြ ပြောကြားခဲ့ပါသည်။

ဦးအောင်ကျော်ကျော်မှ “တောင်သူလယ်သမားများ မည်သူမဆို၊ နိုင်ငံသားများ၊ နိုင်ငံခြားသားများမှ လာရောက်ရင်းနှီးမြုပ်နှံမှု လုပ်ဆောင်သူများသည် ပုံစံ(၇) လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များ လျှောက်ထားနိုင်ကြောင်း၊ ပုံစံ(၇) လျှောက်ထားသူများသည် လယ်ယာမြေပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်၊ ပေးကမ်းပိုင်ခွင့်၊ လှူဒါန်းပိုင်ခွင့်၊ ရောင်းပိုင်ခွင့်၊ ပေါင်ပိုင်ခွင့်၊ ငှားပိုင်ခွင့်၊ လဲလှယ်ပိုင်ခွင့်များ” အစရှိသော ပုံစံ(၇) လျှောက်ထားရယူခြင်းနှင့် ရရှိမည့်အခွင့်အရေးများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခြင်း၊ ဦးခိုင်ဇော်ဝင်းမှ ပုံစံ(၁) ဖြည့်ပုံဖြည့်နည်းအမှန်များ ဖြည့်ခြင်းနှင့် ပတ်သက်ပြီး ကူညီရှင်းပြ သင်ကြားပေးခြင်းနှင့် တက်ရောက်လာသော ဒေသခံပြည်သူများမှ အစမ်းလေ့ကျင့် ဖြည့်ခြင်းများ ပြုလုပ်ဖြည့်စေခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထွန်းကြည်

Powered by Blogger.