Sunday, May 6, 2018

မူကြိုကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၆) ရက်







ကျောက်တလုံးကြီးမြို့နယ်၊ နောင်ခဲုင်းကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာတွင် Build a School in Burma (BSB) မြန်မာပြည်တွင်းကျောင်းဆောက်ကြစို့ အဖွဲ့မှ ငွေကြေးထောက်ပံ့မှုဖြင့် ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း(မှတ်ပုံတင်အမှတ်-၁/ပြည်တွင်း/၀၃၄၁)က တာဝန်ယူတည်ဆောက်ပေးသော ကျပ်ငွေ ၂၃၉၁၇၂၆၅(နှစ်ရာ သုံးဆယ် ကိုးသိန်း တစ်သောင်း ခုနှစ်ထောင် နှစ်ရာ ခြောက်ဆယ်ငါး) ကျပ်တိတိ တန်ဖိုးရှိ ပေ(၄၀' × ၂၆' × ၁၀' ) တစ်ထပ် မူကြိုကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈-ခုနှစ်၊ မေလ (၆)ရက် တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။

ထီတမောင်းကျေးရွာတွင် အိမ်ခြေပေါင်း (၉၀) ဝန်းကျင်ရှိပြီး မူကြိုကျောင်းနေအရွယ်ကလေး (၃၅)ဦးခန့် ရှိကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရှိခဲ့ရပါသည်။ ထို့အပြင် "မူကြိုကလေးများအတွက် ယနေ့အချိန်အခါသည်  မူကြိုကျောင်းများကို ခေတ်စားလာသည်နှင့်အညီ ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းနှင့် BSB အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့်  မူကြိုကျောင်းတည်ဆောက်ရန် အခက်အခဲရှိသော ကျေးရွာများကို တည်ဆောက်ပေးနိုင်ရန်  ၂၀၁၆-ခုနှစ်မှ စတင် စာရင်းပြုစုပြီး ယခုလို ဒီကျေးရွာကို လာရောက်မူကြိုကျောင်းတည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ မူကြိုကျောင်းနေအရွယ်ကလေးများ မူကြိုကျောင်းတက်ရောက်ပညာသင်ယူနိုင်ရန် ရည်ရွယ်ကြောင်း" ဒီမူကြိုကျောင်းကို တည်ဆောက်ပေးရာတွင် တာဝန်ခံသူ တစ်ဦးဖြစ်သော ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း နည်းပြ ခွန်ဖိုးစိန် ပြောကြားအရလည်း သိရှိခဲ့ရပါသည်။

အခမ်းအနားတွင် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ဒုတိယပညာရေးမှူး ဦးအောင်မျိုးလှိုင်၊ BSB အဖွဲ့မှ ဆရာနိုင်လင်းဆွေ နှင့် ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း စီမံကိန်းဒါရိုက်တာ ဆရာမဒေါက်တာ နှင်းအေးကို တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ကျောက်တလုံးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစောချမ်းမှ ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် " ဒီနေ့ဆိုရင် ထီတမောင်းရွာ၏ အမှတ်တရနေ့ ဖြစ်သလို ဂုဏ်ယူဝမ်းမြောက်ဖွယ် မင်္ဂလာရှိသော နေ့ေ လေးတစ်နေ့ဖြစ်ပါတယ်။ မြန်မာစကားပုံအရဆိုသလို အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပဲ ကျွန်တော်တို့ ကလေးသူငယ်တွေ အရွယ်ရောက်လာလို့ အစပျိုးပြုစုပျိုးထောင်ပေးသင့်ခြင်း ဖြစ်ကြောင်း " အစရှိသော အမှတ်တရစကားပြောကြားပေးခြင်း၊ ဒုတိယပညာရေးမှူး ဦးအောင်မျိုးလှိုင်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးအဖွဲ့မှူး ဆရာစောခွန်ကျော်ဝင်း၊ BSB အဖွဲ့မှ ဆရာနိုင်လင်းဆွေ နှင့် ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း စီမံကိန်းဒါရိုက်တာ ဆရာမဒေါက်တာနှင်းအေးကို တို့မှ အသီးသီး အမှာစကားများ ပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ထီတမောင်းကျေးရွာ ဥက္ကဋ္ဌ ခွန်သိန်းအောင်မှ ကျေးဇူးတင်စကားပြောကြားပေးပြီး ဖိတ်ကြားထားသော တာဝန်ရှိလူကြီးမင်း ဧည့်သည်တော်များအား  ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနာသို့ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ဒုတိယပညာရေးမှူး ဦးအောင်မျိုးလှိုင်၊ BSB အဖွဲ့နှင့် ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ထီတမောင်ကျေးရွာမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ငိမ်,ချမ်,
Powered by Blogger.