Monday, May 21, 2018

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက အထူးဒေသ (၆) အတွင်းရှိ ပြည်သူများလိုအပ်သော လမ်း/တံတားများကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်မပြမေးခွန်းမေးမြန်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၂၂)ရက်








ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေသည် ရှမ်းပြည်နယ်၊ အထူးဒေသ (၆)အတွင်းရှိ ပြည်သူများလိုအပ်သော လမ်း/တံတားများကို ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိမရှိကို ၂၀၁၈-ခုနှစ်၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကြယ်ပွင့်မပြမေးခွန်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အထူးဒေသ(၆)၊ တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအုပ်စု၊ အုံအား - ထီစခွီ - ထီထမ်ပေါက် - ထီရော့ (၈) မိုင် (၆) ဖာလုံ မြေသားလမ်းကို ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိ၊ ဖက်ကွန် - တနွိုင်ဝွိုန် - ဆောင်းလန်း - လဲလောင်း - ဘုရားဖြူရပ်ကွက် သို့ဆက်သွယ်ထားသည့် ကျောက်ချောလမ်းကို အဆင့်မြှင့်စံချိန်မှီ ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိ၊ ညောင်ရွေမြို့နယ်အတွင်းရှိ နမ်းမွန် - ရေပူ - ဘုရားတောင်ရွာအထိ၊ ရေပူရွာမှ - ညောင်လေးပင်ရွာ၊ ကုန်းသာ - တောင်ပို့ကွဲ - အင်းကန်ပတ်လမ်းဆုံနှင့် ပင်လောင်းမြို့နယ် အတွင်းရှိ အိမ်မူ - နမ်းတုတ် - ကုန်းသာရွာ ကျေးလက်လမ်းများကိုတစ်ဆင့်မြင့် ကျောက်ချောလမ်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ဟိုပုံးမြို့နယ်မြောက်ခြမ်းရှိ နောင်ဒေးကျေးရွာအုပ်စု၊ နောင်ဝယ် - မီရဲ့ - မောက်စောက် - ဖက်နံ ကျေးရွာချင်းဆက်ကိုယ်ထူကိုယ်ထူ မြေသားလမ်းကို တိုးချဲ့ဖောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ ဆပ်တော် - နောင်ဒေး ကျောက်ချောလမ်း အဖြစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်မပြ မေးခွန်းများပါရှိကြောင်း သိရသည်။

ထိုကြယ်ပွင့်မပြ မေးခွန်းမေးမြန်းခြင်းနှင့် ပတ်သက်၍ အုံအား - ထီစခွီ - ထီထမ်ပေါက် - ထီရော့ (၈) မိုင် (၆) ဖာလုံ မြေသားလမ်း၊ ကြယ်ပွင့်မပြမေးခွန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပထမ (၆) လပတ်ရံပုံငွေအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖက်ကွန် - တနွိုင်ဝွိုန် - ဆောင်းလန်း - လဲလောင်း - ဘုရားဖြူရပ်ကွက် ကျောက်ချောလမ်းကို သတ်မှတ်အကျယ်ရရှိရန်အတွက် မြေသားလမ်းချဲ့ခြင်း လုပ်ငန်းအား (၁၃) နှစ်စီမံကိန်းအရ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရံပုံငွေတွင် ဆောင်ရွက်ရန် တင်ပြထားပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ နမ်းမွန် - ရေပူ - ဘုရားတောင်ရွာ၊ ရေပူရွာမှ - ညောင်လေးပင်ရွာ၊ ကုန်းသာ - တောင်ပို့ကွဲ - အင်းကန်ပတ်လမ်းဆုံ ကျေးလက်လမ်းများကို တစ်ဆင့်မြှင့် ကျောက်ချောလမ်းကို မြေယာကိစ္စများ ပြီးပြတ်အောင် အသေးစိတ်လေ့လာစီစပ်တင်ပြလာပါက တင်ပြချက်များအပေါ်အခြေခံ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပဉ္ဇမကာလတို (၅) နှစ်စီမံကိန်းရံပုံငွေလျာထားချက်တွင် အပိုင်းလိုက်အဆိုပြုထည့်သွင်း လျာထားနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နောင်ဝယ် - မီရဲ့ - မောက်စောက် - ဖက်နံ မြေသားလမ်းကို မြေယာကိစ္စများအဆင်ပြေစွာ ညှိနှိုင်းဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း စီစပ်တောင်းခံလာပါက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ရံပုံငွေရရှိမှုပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆပ်တော် - နောင်ဒေး ကျောက်ချောလမ်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ (၁၂) လ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရံပုံငွေတွင် အဆိုပြုလျာထားပါကြောင်းနှင့် နမ်းအက်ချောင်းကူး (၆၀)ပေ ကွန်ကရက်တံတားတည်ဆောက်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အမှန်တကယ်လိုအပ်မှုရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီစစ်ထောက်ခံတင်ပြလာပါက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မစတင်ပြီး ရံပုံငွေရရှိမှုပေါ်မူတည်၍ အဆိုပြုထည့်သွင်းလျာထားနိုင်ရေးတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်ဖြေကြားချက်တွင် ပါရှိပါသည်။

န့ဂါခွန်၊ နင်းအိနြေ္ဒခမ်း
Powered by Blogger.