Thursday, May 31, 2018

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့သည် အထူးဒေသ(၆) PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)၊ စစ်ကွပ်ကဲရေးဌာနချုပ်ရုံးတွင် ပြည်သူ့စစ် တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မေလ (၃၁)ရက်







တောင်ကြီးမြို့၊ ဂနွိုင်ရေးရပ်ကွက်၊ အထူးဒေသ(၆)၊ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)၊ စစ်ကွပ်ကဲရေးဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမအတွင်း ၂၀၁၈-ခုနှစ်၊ မေလ(၃၁)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်အဖွဲ့သည် ပြည်သူ့စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်မြင့်အောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံပွဲပြုလုပ်ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ရပခတိုင်းမှူး ဗိုလ်ချုပ်လင်းအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်ဆိုသည်မှာဂုဏ်ယူစရာကောင်းကြောင်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကာကွယ်ရေး၊ ပြည်ပရန်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရာမှာစေတနာဝန်ထမ်းဖြင့် တာဝန်များကိုထမ်းဆောင်ကြ၍ မွန်မြတ်သောအလုပ်ဖြစ်ပါကြောင်း ပြည်သူ့စစ်ဆိုသည်မှာ မြန်မာသာမကကမ္ဘာ့နိုင်ငံများတွင်လည်း အစိုးရတပ်မတော်နှင့် ပြည်သူအကြားပေါင်းကူးတံတားအဖွဲ့ဖြစ်ပါကြောင်း တပ်မတော်နှင့် အစိုးရကလည်း ယုံကြည်ထိုက်သူ ပြည်သူကလည်း အားကိုးထိုက်သည့် အဖွဲ့အစည်းဖြစ်၍ ဂုဏ်သိက္ခာရှိအောင် မမှားသင့်တာမမှားရလေအောင် သွားလာနေထိုင် ပြောဆိုဆင်ခြင်းကြရမည်ဖြစ်ကြောင်း မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးရရှိရန်အတွက် ပြည်သူ့စစ်မဟာဗျူဟာကိုချမှတ်၍ ဖက်စစ်တော်လှန်ရေးများကို ပြည်သူ့အင်အားဖြင့် သက်ဆိုင်ရာဒေသများမှာ ပြည်ပရန်ကိုအောင်မြင်အောင် တိုက်ထုတ်နိုင်ခဲ့ပါကြောင်း နိုင်ငံတော်အထောက်အပံ့မယူဘဲစေတနာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ဥပဒေဘောင်အတွင်းလုပ်ကိုင်ကြရမည်ဖြစ်ကြောင်းပြောကြားပေးခဲ့ပါသည်။

ထို့နောက် တိုင်းမှူးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ကအထူးဒေသ(၆)၊ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အတွက် ထောက်ပံ့ငွေကျပ် (၃၀၇၈၀၀၀၀)သိန်း နှင့်ဆန် (၁၅၀)အိတ်၊ ဆီ(၁၆၀)ပိဿာ၊ ဆား(၁၆၀)ပိဿာထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) (၁၄)ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖများကလိုအပ်ချက်များအကြံပြုချက်များကို ဆွေးနွေးတင်ပြရာ တိုင်းမှူးဗိုလ်ချုပ်လင်းအောင်ကလိုအပ်ချက်များကို ပြန်လည်ရှင်းလင်းပေးခဲ့ပါသည်။

တစ်ဆက်တည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ရှမ်းပြည်နယ်အတွင်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲဆက်လက်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုအကျယ်တဝင့် ရှင်းလင်းပေးပြီးနောက် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဒု-ရဲမှူးကြီးဦးရဲမြင့်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးပေးခဲ့ပါသည်။

၎င်းတွေ့ဆုံပွဲတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်မြင့်အောင် နှင့် ပြည်သူ့စစ်(ဌာနေ)(၁၄)ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖများတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ခွန်ယံသေ
Powered by Blogger.