Sunday, June 10, 2018

ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ (ဗဟို) (၇)နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁) ရက်





၂၀၁၈၊ ဇွန်လ(၁၀)ရက်နေ့၊ နေ့လည် (၁၂း၃၀)အချိန်တွင် တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီးပရိယတ္တိ စာသင်တိုက်၌ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ (၇)နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် သဘာပတိဆရာတော်ဖြစ်သည့် ပထမတောင်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တကောသိယမထေရ်၊ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ သြ၀ါဒါစရိယဆရာတော်ဖြစ်သည့် မင်းကွန်းဥတ္တရာရုံကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသိရီဘိဝံသ တို့က သြ၀ါဒစကားအသီးသီး ချီးမြှင့်ပေးပြီးနောက် ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ ဥက္ကဋ္ဌ၊ ဆီဆိုင် ဆရာတော် ဘဒ္ဒန္တ ကောဝိဒါဘိဝံသက သမ္မောဒနီယ သြ၀ါဒကထာနှင့် ဒုဥက္ကဋ္ဌ ဖြစ်သည့် အေးစေတီပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တလက္ခဏသာမီဘိဝံသ တို့က သြ၀ါဒစကားများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ အတွင်းရေးမှူး(၁) စန္ဒာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက လက်ရှိ ပိဋကတ်ပအိုဝ်းဘာသာပြန်လုပ်ငန်းအခြေနေကို လျှောက်ကြားခဲ့ကြောင်း သိရပြီး အယ်ဒီတာချုပ်ဆရာတော်များအား နောက်ဆုံးအဆင့် မွမ်းမံပြင်ဆင်တည်းဖြတ်ရန် လိုအပ်သည့် ကျမ်းစာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အထွေထွေကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ (၇)နှစ်အတွင်း ကျမ်း(၇)ကျမ်းကို ဘာသာပြန် ထုတ်ဝေပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရပြီး ယနေ့အစည်းအဝေးသို့ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့မှ သံဃာအပါး(၆၀) တက်ရောက်ကြကြောင်း သိရသည်။

ခွန်ဓဇ
Powered by Blogger.