Tuesday, June 26, 2018

အမေရိကန်ဒေါ်လာသန်းပေါင်း (၁၀၉)သန်းကျော်တန်ဖိုးရှိဖမ်းဆီးရမိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကိုအဝေရာမီးပုံးပျံကွင်းတွင်မီးရှို့ဖျက်ဆီး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်







ရှမ်းပြည်နယ်၊ အဝေရာမီးပုံးပျံကွင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်ကာတန်ဖိုးငွေကျပ်သန်းပေါင်း(၁၄၈၃၆၃)သန်း၊ အမေရိကန်ဒေါ်လာအနေဖြင့် ဒေါ်လာသန်းပေါင်း (၁၀၉)သန်းကျော်တန်ဖိုးရှိဖမ်းဆီးရမိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ၂၀၁၈၊ ဇွန်လ(၂၆)ရက်နေ့၌မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အဝေရာမီးပုံပျံကွင်းတွင် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းမစတင်မှီမနက် (၈)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်လည်းအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး တာဝန်ရှိပုဂ္ဂိုလ်များမှ အမှာစကားများအသီးသီးပြောကြားကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲမှ ဆုရကျောင်းသား/သူများကိုလည်းဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

မြို့တော်ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြခန်းများကိုလည်းUNODC စသည့် အဖွဲ့များမှ ပြသထားကြောင်းသိရသည်။

တောင်ကြီးမြို့တွင် (၈)ကြိမ်မြောက် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တွင်းရှိဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို ၂၀၁၆-ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၁)သန်းကျော်၊ ၂၀၁၇-ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၄၃)သန်းကျော်၊ ယခုနှစ် ၂၀၁၈-ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၉)သန်းကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပြီးကမ္ဘာ့ကုလသမဂ္ဂ UNODC ၏ အစီရင်ခံစာအရ ၂၀၁၇-ခုနှစ်တွင် မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှုမှာဟက်တာပေါင်း ၄၁၀၀၀ ခန့်ရှိပြီး ၂၀၁၅-ခုနှစ် တိုင်းတာချက်ထက် ၂၅-ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်းသိရသည်။

ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုပ်လုပ်မှုမှာကိန်းဂဏန်းများအရလျှော့နည်းလာသော်လည်း ဓာတုပစ္စည်းနဲ့ ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုမှာပိုမိုများပြားလာပြီးဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများဟာ ဓာတုမူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်နှင့်ကုန်ကြမ်းပစ္စည်းများပါဝင်ခဲ့ကာ ရှမ်းပြည်နယ်သည် နယ်စပ်ဒေသတွေနဲ့ ဆက်စပ်တည်ရှိနေပြီးသွားလာမှု ကန့်သတ်ချက်တွေ ရှိနေသည့်အတွက် ဓာတုမူးယစ်ဆေးဝါးများ ထုတ်လုပ်နိုင်ဖို့အတွက် အခွင့်အရေးတစ်ရပ်လိုရှိနေတာတွေ့ရှိနေရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင် ပြောပြချက်အရသိရှိရသည်။

ခွန်ဓဇ
Powered by Blogger.