Tuesday, June 5, 2018

ကျေးလက်လမ်းဦးစီးဌာန ရန်ပုံငွေ(၆)လစီမံကိန်း(မိနီဘတ်ဂျက်)ဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ နမ်းသြကျေးရွာ- မိုင်းဦးကျေးရွာသို့ သွားသည့် (၁၀)ပေရှိ (၃)မိုင်မြေသားလမ်းအား ပေ(၄၀)သို့ တိုးချဲ့ဖောက်လုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၆)ရက်



၂၀၁၈-ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ နမ်းသြကျေးရွာမှ မိုင်းဦးကျေးရွာ အထိလမ်းအရှည်(၃)မိုင်အားကျေးလက်လမ်းဦးစီးဌာနရန်ပုံငွေ(၆)လစီမံကိန်း( မီနီဘတ်ဂျက်)ဖြင့် မြေသားလမ်းဖောက်လုပ်ပေးသည်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဋ္ဌမှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

၎င်းနမ်းသြကျေးရွာမှ မိုင်းဦးကျေးရွာသို့ ယခင်က မြေသားလမ်း(၁၀)ပေသာကျယ်ဝန်းပြီး လမ်းပန်းဆက်သွယ်ရေးအဆင်မပြေသောကြောင့် ဒေသထွက်သီးနှံများဖြစ်ကြသော ပြောင်း၊ စပါး၊ မြေပဲနှင့် ကြက်သွန်ဖြူတို့ကို သယ်ယူပို့ဆောင်ရသည်မှာလဲ အခက်အခဲနှင့်တွေ့ကြုံရသည်ကို သိရှိရပါသည်။

မိုးတွင်းတွင် သွားလာရခက်ခဲသည်သာမက ကူးသန်းရောင်းဝယ်ရေးလဲ အခက်ခဲနှင့် တွေ့ကြုံခဲ့သောကြောင့် ယခုကျေးလက်ဦးစီးဌာနရန်ပုံငွေ (၆)လစီမံကိန်း (မီနီဘတ်ဂျက်)ဖြင့် အကျယ်(၄၀)ပေတိုးချဲ့ပြီး အရှည်(၃)မိုင်ရှိသော ၎င်းလမ်းအား (၃၀)ပေကိုသဲပြုန်းဖြင့် ထပ်လောင်း၍ ခင်းကျင်းမည်ကိုလည်း သိရှိရပါသည်။

၎င်းဒေသတွင် လူထုဗဟိုပြုခန်းမဆောင်တစ်ဆောင်နှင့် မူလတန်းကျောင်း(၁)ကျောင်းရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှ ရပ်ရွာလည်း စည်ပင်ဝပြောမည်ဖြစ်ကြောင်း၊ ရပ်ရွာဒေသလည်း အေးချမ်းမည်ဖြစ်ကြောင်း၊ ကူးသန်းရောင်းဝယ်သည့်အခါမှာလည်း အဆင်ပြေချော့မွေ့မည်၊ လူနေမှုအဆင့်အတန်းလည်း ဖွံ့ဖြိုးတိုးတက်လာမည့် အကျိုးကို ခံစားရမည်"ဟု ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

နန်းတဆံထီ
Powered by Blogger.