Friday, June 15, 2018

အ.ထ.က-ကျောက်တလုံးကြီးတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၅) ရက်







အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇွန်လ (၁၅)ရက် ၊ နံနက် (၉း၃၀) အချိန်တွင် အထူးဒေသ(၆) ကျောက်တလုံးကြီးမြို့ အ.ထ.က-ကျောက်တလုံးကြီး ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အ.ထ.က- ကျောက်တလုံးကြီးမှကျောင်းအုပ် ဆရာကြီး ဦးစိုးတင့်လွင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးကြီဒဲ တို့က အမှာစကားပြောကြားပြီးနောက် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ်ပန်းချီဆုရ ကျောင်းသား/ကျောင်းသူများကို ဆုအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်တလုံးကြီးမြို့ စခန်းမှူး ဦးအောင်မျိုးလွင်မှ  မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အသိပညာများ၊ ဗဟုသုတများကိုအကျယ်တဝန်း ရှင်းလင်းပြောကြားကာ အဆိုပါ အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျတ်ရေးနေ့အကြိုဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး အသိပညာများ ပေးနိုင်အောင် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကင်းနိုင်သမျှကင်းအောင်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီးနိုင်ငံအနေဖြင့် သော်လည်းကောင်း၊ ကမ္ဘာ့တစ်ဝန်းလုံးအနေဖြင့်သော်လည်ကောင်း အမျိုးသားရေးတာဝန်ဖြင့်တိုက်ဖျက် နေကြကြောင်း၊ ဆက်လက်၍ ကျောက်တလုံးကြီးမြို့နယ်အတွင်ရှိ ကျောင်းများကိုလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အသိပညာဟောပြောပွဲများ လုပ်ဆောင်သွားမည်”ဟု စခန်းမှူး ဦးအောင်မျိုးလွင်က ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျောက်တလုံးကြီးမြို့ စခန်းမှူး ဦးအောင်မျိုးလွင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးကြီဒဲ၊ အ.ထ.က-ကျောက်တလုံးကြီး မှ ကျောင်းအုပ်ဆရာကြီး ဦးစိုးတင့်လွင်နှင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ

Powered by Blogger.