Tuesday, June 5, 2018

ဆီဆိုင်မြို့နယ်၊ ပန်လုံခကျေးရွာတွင် ကျောင်းဆောင်သစ် လွဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၆)ရက်

 



 


ယနေ့၊ ဇွန်လ(၅)ရက်၊ နံနက်(၉း၀၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ပန်လုံခကျေးရွာတွင် ပညာရေးဝန်ကြီးဌာန၏၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောက်လုပ်သည့် (၆၀×၃၀)ပေ တစ်ထပ်ကျောင်းဆောင်သစ်နှင့် Child's Dream Association(CDA)အဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက်လုပ်ခဲ့သော(၁၂၀×၃၀)ပေ တစ်ထပ်အုတ်ကျာင်းဆောင်သစ်(၂)ဆောင်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဋ္ဌဖြားခွန်စံလွင်၊ ဆီဆိုင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှသိန်း၊ ဆီဆိုင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် Child's Dream Association(CDA)မှ တာဝန်ရှိပုဂ္ဂိုလ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကာ အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကြပြီး ကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး အခမ်းအနားတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီမှ အဖွင့်အမှာစကားနှင့် Child's Dream Association(CDA)အဖွဲ့မှ Mr. Mask နှင့် Mr. Loran တို့က အမှာစကားများ အသီးသီးပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ဆီဆိုင်မြို့နယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မှ တို့မှလည်း အမှာစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ခြင်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အစီအစဉ်များကို ပြုလုပ်ပြီး ဒေသခံပြည်သူများကိုယ်စား ကျောင်းကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကားနှင့် ပန်လုံခကျေးရွာ၏ သမိုင်းကြောင်းဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများက ရိုးရာအကပဒေသာများဖြင့် ဆက်လက်ဖျော်ဖြေကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ (CDA)ဖောင်ဒေရှင်းအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆီဆိုင်မြို့နယ်၊ ပြည်နယ်လွတ်တော်ကိုယ် ဖြားခွန်လှသိန်း၊ ဆီဆိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/မများ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ရပ်မိရပ်ဖများ စုစုပေါင်း(၈၀၀)ဦးခန့်တက်ရောက်ကြောင်း သိရှိရပါသည်။

ခွန်ယံသေ၊ နန်းတဆံထီ
Powered by Blogger.