Saturday, June 23, 2018

အထူးဒေသ (၆) (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) အတွက် ငွေပဒေသာပင် သိန်းပေါင်း (၁,၀၀၀) လှူဒါန်းပေးအပ်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃) ရက်











(PNA) စီးပွားရေးဌာန (၂) တာဝန်ခံ ဗိုလ်မှူးခွန်ကျော်ထူး မိသားစုမှ အထူးဒေသ (၆) (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) အတွက် ငွေပဒေသာပင် သိန်းပေါင်း (၁,၀၀၀) လှူဒါန်းပေးအပ်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃) ရက်၊ နံနက် (၁၀း၀၀) အချိန်တွင် (PNA)အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ကွပ်ကဲမှုစစ်ဌာနချုပ်ရုံး တွင် လှူဒါန်းပေးအပ်ပွဲပြုလုပ်ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပေးအပ်ပွဲတွင် (PNA) စီးပွားရေးဌာန (၂) တာဝန်ခံ ဗိုလ်မှူးခွန်ကျော်ထူးမှ ငွေပဒေသာပင် သိန်းပေါင်း (၁,၀၀၀) လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီ ကအားပေးစကားပြောကြားရာ ယခုလို (PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) စီးပွားရေးဌာန (၂) တာဝန်ခံ ဗိုလ်မှူးခွန်ကျော်ထူး မိသားစုက ငွေးပဒေသာပင် သိန်းပေါင်း (၁,၀၀၀) လှူဒါန်းပေးခြင်းကို အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ (ဌာနေ) ပြည်သူ့စစ်အတွက် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ မည်သူမဆိုပါဝင် လှူဒါန်းနိုင်ပါကြောင်း စသည်များ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး (PNA) စီးပွားရေးဌာန (၂) တာဝန်ခံ ဗိုလ်မှူးခွန်ကျော်ထူး မိသားစုက ငွေပဒေသာပင်အတွက် သိန်းပေါင်း (၁,၀၀၀) ကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီ ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် အထူးဒေသ (၆) ၊ (PNA)အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးတန် ခွန်မြင့်အောင် က ကျေးဇူးတင်စကားပြောကြားပြီး၊ မြို့မိမြို့ဖ ကိုယ်စား ဖြားခွန်မင်းကျော် က ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။

အဆိုပါငွေပဒေသာပင်လှူဒါန်းပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီ၊ ခမ်း (၄) ခမ်းမှ ခမ်းဗွေများ၊ တပ်ရင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအနုပညာရှင်များ၊ သက်ဆိုင်ရာတာဝနရှိပုဂ္ဂိုလ်များတက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း

Powered by Blogger.