Tuesday, July 31, 2018

တောင်ကြီးမြို့နယ်၊ နမ်းဟူးကျေးရွာအုပ်စု၊ ပင်လုံကျေးရွာတွင် ငွေစုငွေချေးနေ့ (Saving Day) အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်









ကနေဒါနိုင်ငံ အစိုးရနှင့် အလှူရှင်တို့၏ ပံ့ပိုးမှုဖြင့် MEDA အဖွဲ့နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်သော အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိရေးစီမံကိန်း၏   ငွေစုငွေချေးနေ့ (Saving Day) ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက် နံနက် (၁၀း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ နမ်းဟူးကျေးရွာအုပ်စု၊  ပင်လုံကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပင်လုံကျေးရွာ ရွာသူကြီး ဦးခွန်ကျော်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို အမျိုးသမီးများကို ငွေစုငွေချေးလုပ်ငန်းများလုပ်ပေးတဲ့အတွက် အလုပ်လုပ်ရာတွင်လည်း ဒီထက်ပိုပြီး တိုးတက်မှုများရှိလာရုံသာမက စည်းလုံးညီညွတ်မှုများပါရှိလာပြီး ၊ မိမိတို့အနေဖြင့် အခွင့်အရေးများ ရရှိလာရင်လည်း ဒီထက်မကပိုပြီးစွမ်းဆောင်နိုင်အောင်လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ အတွင်းရေးမှူး စီမံကိန်းမန်နေဂျာ ခွန်ချစ်ဦးက ယနေ့ပြုလုပ်ရသော အခမ်းအနား၏ ရည်ရွယ်ချက်မှာ  ငွေစုအဖွဲ့များ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုနိုင်ရန်၊ ငွေစုခြင်း၏  အကျိုးရလဒ်များကို မိမိအဖွဲ့ဝင်အချင်းချင်းများမှသော်လည်းကောင်း အခြားသောအဖွဲ့များအား သော်လည်းကောင်း အတွေ့အကြုံကောင်းများ ဖလှယ်နိုင်ရန်၊ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန် ယုံကြည်မှုအားကောင်းလာစေရန်နှင့် စည်းလုံးမှု ပိုမိုခိုင်မြဲစေရန်၊  ငွေစုရှယ်ယာခွဲဝေမှုပုံစံ သိရှိစေရန်၊ ပြင်ပငွေကြေးဝန်ဆောင်မှု ပေးသည့်အဖွဲ့နှင့် ချိတ်ဆက်မှု ရရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် MEDA အဖွဲ့မှ တာဝန်ရှိသူ ဒေါ်ခင်မာအေး က ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် ပူးပေါင်းပြီးအလုပ်လုပ်လာတာ (၃)နှစ်ရှိပြီးဖြစ်ကြောင်း၊MEDA အဖွဲ့သည် စီးပွားရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရာတွင် နှစ်ပိုင်းရှိပြီး ပထမတစ်ပိုင်းကတော့ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတူအလုပ်လုပ်ပြီး  ကျေးရွာအတွင်းရှိ အမျိုးသမီးများ၏ ငွေစုငွေချေးလုပ်ငန်းများဖြစ်ပြီး၊ ဒုတိယတစ်ပိုင်းကတော့ တောင်သူခေါင်းဆောင်အဖွဲ့များလို့ပြောလို့ရသည့်  PSD  လို့ခေါ်သောအဖွဲ့ (၃)ဖွဲ့တို့အား ကျေးရွာနေပြည်သူများနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲပြီး နောက်၊ Proximity အဖွဲ့မှ တာဝန်ရှိသူ နန်းခင်နှင်းဆီ က ၏ ချေးငွေလုပ်ဆောင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပေးခဲ့ပြီး၊ ငွေစုငွေချေးအဖွဲ့ဝင်များက ရရှိလာသော အစုရှယ်ယာများကို ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ထိုနောက် အမျိုးသမီး၏  ငွေစုငွေချေးလုပ်ငန်းဆိုင်ရာမှ ရရှိလာသောအကျိုးကျေးဇူးများ၊ အခက်အခဲများ၊ အခြေအနေများကို ငွေစုငွေချေးအဖွဲ့ဝင်များဖြစ်ကြသော နန်ခံဗို၊ နန်းအေးအေးသိန်းနှင့် နန်းအုန်းဆု တို့က တင်ပြဆွေးနွေးခဲ့ကြပြီး၊ VisionFund MYANMAR  အဖွဲ့မှ တာဝန်ရှိသူ ဦးသန်းဝင်းကျော် က ငွေစုငွေချေးလုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကို  အကျယ်တဝန်းရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ငွေစုငွေချေးနေ့  (Saving Day) အခမ်းအနားသို့  ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ MEDAမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Proximity မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ VisionFund MYANMARမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ငွေစုငွေချေးအဖွဲ့ဝင်များ၊ ပင်လုံကျေးရွာမှ ရပ်မိရပ်ဖများ (၁၃၆) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခွန်ယံသေ







Powered by Blogger.