Sunday, August 12, 2018

လပ်တိုင်- နားခိုက်လမ်း (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း (၂)မိုင်းခင်းကျင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ လပ်တိုင်- နားခိုက်လမ်းကို ဒေသခံမိဘပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန် ရည်ရွယ်၍ (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ တင်ပြတောင်းခံချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးပြီး (၂)မိုင် ကျောက်ချောလမ်းကို H Double H Capital Company Limited မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါလမ်းကို ကျောက်ချောလမ်းအဖြစ် တိုးချဲ့ခင်းကျင်းပေးသည့်အတွက် ဒေသဦးစီးအဖွဲ့များနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လမ်းကောင်းသွားသည့်အခါ မိမိတို့ဒေသတွင် ထွက်ရှိသောသီးနှံများကို အလွယ်တကူ သယ်ယူပို့ဆောင်နိုင်သလို ဒေသသုံးကုန်ပစ္စည်းများလည်း ဈေးချိုသာစွာဖြင့် ရောင်းဝယ်နိုင်တော့မည်ဖြစ်၍ ပျော်ရွင်မိပါကြောင်း လပ်တိုင်ကျေးရွာမှ ပွန်ချောင်းအထိ အကုန်လုံးကျောက်ချောလမ်းအဖြစ် ခင်းပေးနိုင်ပါက မိမိတို့ဒေသတစ်ကြောတွင် ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပွန်ချောင်းတံတားကို ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးပါက မိမိတို့ဒေသနှင့် နမ့်စန်- လွိုင်လင်မြို့ကို အလွယ်တကူ သွားလာနိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားချက်အရ သိရှိရပါသည်။

သြဂုတ်လဆန်းအတွင်း Willian sky ကုမဏီမှ တာဝန်ယူဖောက်လုပ်လျက်ရှိသော နားခိုက်- ၀မ်းတွူး  (၁)မိုင် ၂-ဖာလုံ ကျောက်ချောလမ်းကိုလည်း လမ်းဖွင့်ပွဲပြုလုပ် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း
Powered by Blogger.