Monday, September 10, 2018

အခြေခံအစာအဟာရ ဖွံ့ဖြိုးမှု သင်တန်းပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်





တောင်ကြီးမြို့နယ်၊ ဖါမွန်းကျေးရွာအုပ်စု၊ ဖါမွန်းကျေးရွာ၊ ဖါမွန်းကျော်ခေါင်နှင့် ဖါမွန်းမြောက်ဘုရားဖြူရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနနှင့် ဖါမွန်းကျေးရွာဒေသခံပြည်သူများ ပူးပေါင်းပြီး၊ ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့တွင် ဖါမွန်းကျော်ခေါင်ရွာ၌ “အခြေခံအစာအာဟာရဖွံ့ဖြိုးမှုသင်တန်း” ပြုလုပ်ကြောင်းနှင့် ၂၀၁၈- ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ဖါမွန်းမြောက်ဘုရားဖြူရွာတွင် အခြေခံအစာအာဟာရဖွံ့ဖြိုးမှုသင်တန်း” ပြုလုပ်ကြောင်းသိရှိရသည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းသည် အာဟာရနှင့် ပတ်သက်သည့် အခြေခံသဘောတရားများသိရှိလာရန်၊ အာဟာရရှိသောအစားအစာများကို မိမိတို့၏ ရပ်ရွာဒေသတွင် ထုတ်လုပ်(သို့)၀ယ်ယူနိုင်သည့် နည်းလမ်းများကို စီစဉ်လာနိုင်ရန်၊ ဘေးကင်းသန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ စီမံနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

ထိုသင်တန်းတွင် ဆွေးနွေးသည့်ခေါင်းစဉ်များသည် (၁) အာဟာရအခြေခံ၊ (၂) မိသားစုအာဟာရ၊ (၃) အာဟာရပြည့်အစားအစာများရယူခြင်း၊ (၄) အာဟာရပြည့်ဘေးကင်းသော အစားအစာပြင်ဆင်မှုစသည့် ခေါင်းစဉ်များဖြင့် သင်ကြားပို့ချခဲ့ပါသည်။ ဖါမွန်းကျော်ခေါင်တွင် သင်တန်းသူ/သား ဦးရေ(၃၇)ဦးနှင့် ဖါမွန်းကျော်ခေါင်တွင် သင်တန်းသူ (၁၈)ဦး (၁)ရက်တာ သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရှိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနသည် စွမ်းရည်မြင့်သင်တန်း၊ ခေါင်းဆောင်မှုသင်တန်း၊ စီးပွားရေးသင်တန်း၊ အခြေခံအစာအဟာရဖွံ့ဖြိုးမှုသင်တန်း စသည့်သင်တန်းခေါင်းစဉ်များဖြင့် မည်သည့်ကျေးရွာ၊ မည်သည့်ဒေသမဆို ဒေသခံပြည်သူများလိုအပ်လာပါက မည်သည့်ကျေးရွာဒေသမဆို သွားရောက်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်လာပါက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနတွင် သော်လည်းကောင်း၊ သင်တန်းတာဝန်ခံ 09-250104358 ကိုသော်လည်းကောင်း၊ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းသိရှိရပါသည်။

ပအိုဝ်းမူပေး( စန္တခမ်း)
Powered by Blogger.