Wednesday, September 26, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသေဒ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကောင်ပန်းတန်းကျေးရွာတွင် "ခေါင်းဆောင်မှုသင်တန်း" ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနနှင့် ကောင်ပန်းတန်းကျေးရွာရှိ သေဒခံပြည်သူများ ပူးပေါင်းပြီး ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကောင်ပန်းတန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ခေါင်းဆောင်မှုသင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်လျက်ရှိပါသည်။

အဆိုပါသင်တန်းတွင် တက်ရောက်လာသော သင်တန်းသူ/သားများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာဥက္ကဌနှင့် သင်တန်းနည်းပြများအားလုံး ဆရာတော်ကန်တော့ခြင်းနှင့် ဩဝါဒခံယူပြွး ရပ်မိရပ်ဖတစ်ဦးမှ အားပေးစကားပြောကြားပေးခြင်းနှင့် သင်တန်းနည်းပြ ခွန်ကျော်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောခဲ့ပြီးနောက် သင်တန်းသား(၅၂)ဦး၊ သင်တန်းသူ(၄၀)ဦး၊ သင်တန်းသားစုစုပေါင်း(၉၂)ဦးဖြင့် နံနက်(၁၀း၀၀)နာရီအချိန်တွင် သင်တန်းကို စတင်ခဲ့ပါသည်။ ဤသင်တန်းတွင် လူထုတွင်းစကားပြောစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှု၊ စည်းရုံးခြင်း စသည့်ခေါင်းစဉ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆာ;မူ;ပေ; စန္တာ;ခမ်း
Powered by Blogger.