Thursday, September 27, 2018

လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်



ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် (ဇွဲမူကြို) မူလတန်းကြိုကျောင်း တို့ ပူးပေါင်း၍  ဆေးရောင်ခြယ်ပြိုင်ပွဲအား စက်တင်ဘာလ (၂၇) ရက် မွန်းလွဲ (၂)နာရီက လူမှုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ပုံတူဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးက ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးများဆေးရောင်ခြယ်သခြင်းဖြင့် လက်ရေးလက်သား ပိုမိုလှပလာစေခြင်း ၊ အမြင်နှင့် လက်လှုပ်ရှားမှုကို ပေါင်းစည်းပေးခြင်း ၊ ကလေးများစိတ်အပန်း ပြေသလို စိတ်ရှည်သည်းခံတတ်စေလိုခြင်း ၊ အာရုံစူးစိုက်မှု အားကောင်းလာစေခြင်း ၊ အရောင်များရွေးခြယ်အသုံးပြုတတ်လာစေခြင်း ၊ လက်ချောင်းများဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေခြင်း ၊ ခံစားချက်ကိုဖော်ထုတ်တတ်ခြင်း ၊ ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ခြင်း ၊ ကလေးများဥာဏ်ရည်ဖွံ့ဖြိုးစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာအောင်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် (ဇွဲမူကြို) မူလတန်းကြိုကျောင်းမှ ကလေးများ(၂၀)ဦးက ပျော်ရွှင်စွာ ဆေးရောင်ခြယ်ပြိုင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပြီး အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲသို့ ဟိုပုံးပြန်/ဆက်ဦးစီးဌာနမှဦးစီးမှူး နှင့်ဝန်ထမ်းများ ၊ ဇွဲမူကြိုကျောင်းမှ ဆရာမကြီး ဒေါ်ဝင်းကြည်နှင့် ဆရာမများ ၊ ကျောင်းသား/သူများ ပါဝင်ခဲ့ပြီး အဆိုပါပြိုင်ပွဲဝင် ကျောင်းသား/သူများအား ဟိုပုံးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပဲနို့နှင့်မုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.