Tuesday, September 25, 2018

မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်




ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့တွင် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော  မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူသည့်ပွဲတော်ကို စက်တင်ဘာလ (၂၅)ရက်နေ့ မွန်းလွဲ (၃)နာရီအချိန်တွင် ဒေသဦးစီးအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ တပ်မတော်နည်းပညာနှင့်သိပ္ပံကျောင်းမှ အရာရှိစစ်သည်များ ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွမ်းဆန်စိမ်း လောင်းလှူသည့်ပွဲတော်တွင် ဟိုပုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၁၂)ကျောင်း မှ သံဃာတော်အပါး (၄၂၅)ပါးတို့က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှ စတင်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဆွမ်းဆန်စိမ်းအလှူခံ ကြွချီတော်မူခဲ့ပြီး ဒေသဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်နည်းပညာနှင့်သိပ္ပံကျောင်းမှ အရာရှိစစ်သည်များ ၊ ဒေသခံတိုင်းရင်းသားပြည်သူများတို့က စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်းဆန်စိမ်း၊ ဆေးနှင့်လှူဖွယ်ဝတ္ထုအစုစု တို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.