Sunday, September 9, 2018

ခေါင်းဆောင်မှုနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းဖွင့်လှစ်ခြင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)၇က်






ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနနှင့် လုံဟေးကျေးရွာဒေသခံလူငယ်များပူးပေါင်း၍ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ လုံဟေးကျေးရွာသီရိမင်္ဂလာလုံဟေးကျောင်းတိုက်တွင် ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့မှ (၈)ရက်နေ့ထိ ခေါင်းဆောင်မှုသင်တန်းနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းကို(၂)ရက်ကြာဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈-ခုနှစ် စက်တင်ဘာလ (၇)ရက်နေ၊့ နံနက် (၉း၀၀)နာရီအချိန်တွင် လုံဟေးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် ရှေးဦးစွာလုံဟေးဘုန်းတော်ကြီးကျောင်းဆရာတော်ဥာဏဝရအားကန်တော့၍ သြဝါဒခံယူခြင်း၊ လုံဟေးကျေးရွာလူငယ်ခေါင်းဆောင် ခွန်မောင်ဆွာမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့်သင်တန်းမှူး ခွန်မောင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့ကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ယခုသင်တန်းတွင် လူထုတွင်းစကားပြောစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှု၊ စည်းရုံးခြင်း၊ အခြေခံစီးပွားရေးအမြင်ဖွင့်ခြင်းနှင့် Gender  စသည့်ဘာသာရပ်ခေါင်းစဉ်များကို သင်တန်းနည်းပြများဖြစ်ကြသည့် ခွန်မောင်ဦး၊ ခွန်ရဲအောင်၊ ခွန်ကျော်ခေါင်၊ မူထက်မြတ်ဝင်း၊ နန်းထွေးညိုတို့မှ ဦးဆောင်၍ဆွေးနွေးပို့ချပေးခဲ့ပြီးအဆိုပါသင်တန်းကိုသင်တန်းသား/သူစုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်ကျော;ခေါင်;
ထီရီးဟော်ထို
Powered by Blogger.