Thursday, October 4, 2018

အခြေခံအကျဆုံး အစိုးရသည် မိဘပြည်သူလူထုများဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ သင်တန်းဆင်းပွဲ၌ ပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်





၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၄)ရက်၊ နံနက်(၉း၀၀)နာရီအချိန်တွင်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ ခိုလိုင်ဘုန်းကြီးကျောင်းတွင် ခေါင်းဆောင်မှုနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်း ဆင်းပွဲအခမ်းအနား၌  ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ တက်ရောက်ခဲ့ကြောင်းသိရသည်။

 အခမ်းအနားတွင် နမောတဿ (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ခိုလိုင်ဆရာတော်ထံမှ ငါးပါးသီးလနှင့်သြဝါဒစကား ခံယူခဲ့ပြီးနောက် အလံတော်ကို အလေးပြုခဲ့ကြပြီး  ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ် ကိုယ်စားလှယ် ဖြားခွန်သိန်ဖေက အမှာစကားပြောကြားရာတွင် မိမိတို့ပအိုဝ်းလူမျိုးများသည် ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း အထူးဒေသ(၆)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ လိုအပ်ချက်များသည် မိမိတို့အသိဆုံးဖြစ်ပြီး မိမိအလုပ်များကို မိမိကိုယ်တိုင်လုပ်ဆောင်သင့်ကြောင်း၊ မိမိကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများသည် များစွာသောပညာတတ်များ လိုအပ်လျက်ရှိပြီး ပအိုဝ်းကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသအတွင်း တာဝန်များထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊ မိမိပြည်သူများ လိုအပ်ချက်များကို ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ သံဃာတော်များနှင့်တိုင်းပင်ပြီး ပထမအဆင့်ဦးစားပေးမှု လုပ်ငန်းများကို ပြည်နယ်လွှတ်တော်များ ထံသို့တင်းပြတင်းကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များသည် မိမိတို့၏ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများ အကောင်အထည် ဖော်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အခြေခံအကျဆုံး အစိုးရသည် မိဘပြည်သူလူထုများဖြစ်ကြောင်း၊ မိဘပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးကို အရေးထားဆောင်ရွက်သင့်ကြောင်း၊ ပညာတတ်များသည်လည်း နိုင်ငံတော်အစိုးရဝန်းထမ်းများ ပါဝင်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးကဏ္ဍသည်လည်း အရေးကြီးလှပါကြောင်း၊ စိုက်ပျိုးရေးတွင်လည်း မိမိတို့၏ဒေသထွက်ကုန်များ အထွက်တိုးလာအောင် စိုက်ပျိုးရေးနည်းပညာများဖြင့် လုပ်ကိုင်ဆောင်သင့်ကြောင်း စသောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်မိရပ်ဖကိုယ်စား လုံဟေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြားခွန်ထီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ခေါင်းဆောင်မှုသင်တန်းနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်းတန်းကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၃)ရက်နေ့ထိ  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့် ပညာပေးရေးဌာနမှ သင်တန်းဆရာ ခွန်ကျော်ထွန်း၊ ခွန်မောင်ဦး၊ သင်တန်းဆရာမ နန်းခမ်ဆွဲနှင့် နန်းခမ်စင် တို့ကသင်တန်း ပို့ချပေးခဲ့ပြီး သင်းတန်းသား/သူ (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်းတန်းဆရာ/ဆရာမများ၊ လုံဟေးကျေးရွာအုပ်စုမှ ခိုလဲုင်ကျေးရွာ၊ ထမ်းဖုရားကျေးရွာ၊ ကောင်မှုဗွာကျေးရွာ၊ နောင်ယာဆိုင်ကျေးရွာ၊ လုံဟေးကျေးရွာမှ ရွာသူ/ရွာသားများ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ


Powered by Blogger.