Wednesday, October 3, 2018

ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်ခြင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်



 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျေားကျေးရွာအုပ်စု၊ နောင်ရင်းကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနနှင့် နောင်ရင်းကျေးရွာ ဒေသခံလူငယ်များပူးပေါင်း၍ ဒေသခံလူငယ်မောင်မယ်များအနေဖြင့် လူအများရှေ့စကားပြောဆိုရာတွင် မိမိကိုယ်မိမိယုံကြည်မှုရှိလာပြီး (Presentation skills)ဟောပြောတင်ပြခြင်းစွမ်းရည် တိုးတက်လာစေရန်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် ပတ်သက်သည့်အခြေ ခံသဘောတရားများကို သိရှိလာကာ အနာဂါတ် မိမိတို့ဒေသတွင် အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်၊ စည်းရုံးခြင်း၏ အရေးပါပုံနှင့်နည်းလမ်းများကို သိရှိစေနိုင်ရန်နှင့် အသိအမြင် ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ခေါင်းဆောင်မှုသင်တန်းကို (၃.၁၀.၂၀၁၈) မှ (၄.၁၀.၂၀၁၈) ရက်နေ့ထိ (၂)ကြာဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို (၃.၁၀.၂၀၁၈) ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန်၊ နောင်ရင်းကျေးရွာဘုန်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ နောင်ရင်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အားကန်တော့ပြီး သြဝါဒခံယူခြင်း၊ နောင်ရင်းကျေးရွာ ရွာသူကြီးဦးခွန်လန်းမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် သင်တန်းနည်းပြ ခွန်ကျော်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့ကာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ဤသင်တန်းတွင် လူထုတွင်းစကားပြောစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် စည်းရုံးခြင်းစသည့် ဘာသာရပ်ခေါင်းစဉ်များကို သင်တန်းနည်းပြများဖြစ်ကြသည့် ခွန်သိန်းစိုး၊ ခွန်ကျော်ထွန်းနှင့် ခွန်ကျော်ခေါင်တို့မှ ဦးဆောင်ဆွေးနွေးပို့ချပေးနေပြီး သင်တန်းသူ/သား စုစုပေါင်း(၅၃)ဦးတက်ရောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ခွန်ကျော;ခေါင်; 
ထီရီးဟော်ထို
Powered by Blogger.