Thursday, October 18, 2018

ဟိုပုံးမြို့နယ်၊ ကျေးရွာ(၆)ရွာအတွက် ဆိုလာပြားအလုံး (၂၇၀)လုံးပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်











ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်ဒေးကျေးရွာအုပ်စု၊ နောင်ဒေးဘုန်းတော်ကြီး ကျောင်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့၌ ကျေးရွာ(၆)ရွာအတွက် ဆိုလာပြားအလုံး (၂၇၀) လုံးပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲပြုလုပ်ကျင်းပကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မျင်မိုရ်ခမ်း ခမ်းဗွေ ဖြားဆရာခေါင် က အဖွင့်အမှာစကားပြောကြားရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် တာဝန်ရှိပုဂ္ဂိုလ်များ၏ လမ်းညွှန်မှာကြားမှုကို လေးစားတန်ဖိုးထားရန်၊ ကျေးရွာအချင်းချင်းစည်းလုံးညီညွှတ်မှုရှိရန်၊ ပညာရေးကို ဦးစားပေးရန်၊ ပညာရေးစနစ်ဖြစ်သောကြောင့် ပညာတတ်မှသာလျှင် မိမိလိုချင်တဲ့အခွင့်အရေးမျာကိုရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်ပြီး ဟိုပုံးမြို့နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ခွန်အောင်ကျော် က လွတ်တော်အကြောင်းအရာများနှင့် ပြည်သူများအတွက် သိသင့်သိထိုက်သည်များကို အသီးသီးပြောကြားပေးခဲ့ပါသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ က ပအိုဝ်းလူမျိုးများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး စသည့်အရေးအရာကိစ္စများကို တာဝန်ရှိပုဂ္ဂိုလ်များက အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးနေသည် ဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးများတိုးတက်လိုလျှင် လုပ်ငန်းကိုလုပ်ဆောင်ရမည်၊ ကြိုးစားဆောင်ရွက်ရမည်၊ စည်လုံးညီညွတ်ရမည်၊ တာဝန်ရှိပုဂ္ဂိုလ်များ၏ လမ်းညွှန်စကားများကို လိုက်နာဆောင်ရွက်ရမည်၊ အချင်းချင်းစည်းလုံးညီညွှတ်ရမည် စသည်များကို လိုက်နာကျင့်သုံးမှသာလျှင် ပအိုဝ်းလူမျိုးများ၏ လိုချင်နေကြသော အောင်မြင်မှုပန်းတိုင်များကိုရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည်သူများသည် မြို့ပြများတွင် နေစရာမလိုတော့ဘဲ မြို့ပြနှင့်တန်းတူအင်္ဂါလက္ခဏာပြည့်စုံသည့်ဒေသဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးရွာများသည် ကျောင်းထိုင်ဆရာတော်၊ ကျေးရွာသူကြီး၊ ဆယ်အိမ်ခေါင်း၊ လူငယ်ခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူး စသည့်တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပူးပေါင်းညှိနှိုင်းပြီး ကျေးရွာဒေသများအတွက် ကျေးရွာဖွဲ့စည်းပုံ၊ နည်းစနစ်၊ ကျေးရွာအ၀င်/အထွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေ၊ ကျေးရွာသန့်ရှင်းရေး  စသည့် စိုက်ပျိုးရေးများနည်းစနစ်များကို ဒေသပြည်သူများက စိတ်တိုင်းကျကြိုးစားဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင် က ဒေသလိုအပ်ချက်များဖြစ်သော ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလို ဆိုလာပြားပေးအပ်သည်ကိုလည်း ဒေသလိုအပ်ချက်များကို အဆင်ပြေစေရန်အတွက် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည်သာမက ဒေသများ၏ လူနေမှုဘ၀မြှင့်တင်ရေး၊ လှုမှုဘ၀ဖူလုံရေး စသည်များကို ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရတစ်ခုတည်းကိုသာ အားမကိုးဘဲ မိမိတို့ပြည်သူအတွက် ရသင့်ရထိုက်သည့် နည်းလမ်း/ကူညီဆောင်ရွက်ပေးမှုကို ရရာ ပြည်တွင်း/ပြည်ပ အထောက်အကူ၊ နည်းပညာများဖြင့် ပူးပေါင်းလက်တွဲဆောင်ရွက်နေသည်ဖြစ်ကြောင်း၊ အနာဂတ်အတွက် သွားမည့် နည်းလမ်း၊ နည်းပညာများကိုသိရှိမှသာလျှင် အောင်မြင်မှုကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ဒေသအခြေအနေများကို သိရှိသော်လည်း စီမံကိန်းနည်းစနစ်များမရေးဆွဲတတ်လျှင် မည်သည့်လုပ်ငန်းမဆို အောင်မြင်မှုကိုရရှိနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါကျေးရွာများ မီးအဆင်ပြေချောမွေ့စေရန်အတွက် ဆိုလာပြားများကို နောင်ဒေးကျေးရွာအုပ်စု မောက်လွတ်ရွာ တွင် (၈၂)လုံး၊ မေးကင်းကျေးရွာ (၇၅)လုံး၊ နောင်ဝယ်ကျေးရွာ (၃၁)လုံး၊ နောင်ဒေးကျေးရွာ (၅၀)လုံး၊ မီရဲကျေးရွာ (၂)လုံး၊ ဒုံရင်းကျေးရွာ (၃၀) လုံးပေးအပ်ခဲ့ပါသည်။

ထိုလူထုတွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ခွန်အောင်ကျော်၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ၊ နတလ မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ကျေးလက်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လမ်းဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူများ တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.