Tuesday, October 2, 2018

မျိုးဆက်သစ်လူငယ်များနှင့် ဒေသခံပြည်သူမား နိုင်ငံရေး၊ စီပွားရေး အမြင်များ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ “ခေါင်းဆောင်မှုနှင့် အခြေခံစီပွားရေး အမြင်ဖွင့် သင်တန်း” ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်




မျိုးဆက်သစ်လူငယ်များနှင့် ဒေသခံပြည်သူမား နိုင်ငံရေး၊ စီပွားရေး အမြင်များ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ခေါင်းဆောင်မှုနှင့် အခြေခံစီပွားရေး အမြင်ဖွင့် သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး လေ့ကျင့်ပညာပေးရေးဌာနမှ ဦးစီး၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ လုံးဟေကျေးရွာအုပ်စု၊ ခိုလှိုင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ၎င်းကျေးရွာမှ သင်တန်းသား(၃၅)ဦးနှင့် သင်တန်းသူ(၂၅)ဦး၊ စုစုပေါင်း (၆၀) ဦးတက်ရောက်လာကြောင်း သိရှိရပါသည်။

ပအိုဝ်းမူးဗွာ
မျင်းမိုရ်ခမ်း

Powered by Blogger.