Wednesday, October 31, 2018

ဘန်းယဉ်​​ကျေးရွာတွင်​ ၁၀၄ ကြိမ်​​မြောက်​ ဆွမ်း​လောင်းလှူပွဲ ပြုလုပ်​ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်



၁၃၈၀-ခုနှစ်​၊ သီတင်းကျွတ်​လပြည့်​​ကျော်​ ၈-ရက်​၊ (၁-၁၁-၂၀၁၈)ရက်​​နေ့ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရဒေသ ဆီဆိုင်​မြို့နယ်​၊ ဘန်းယဉ်​​ကျေးရွာအုပ်​စု၊ ဘန်းယဉ်​စံပြ​ကျေးရွာတွင်​ ​ဒေသခံမိဘပြည်​သူများက ဦး​ဆောင်​၍ ၁၀၄-ကြိမ်​​မြောက်​ဆွမ်း​လောင်းပွဲ​တော်​ ပြုလုပ်​ခဲ့ကြ​ကြောင်း သိရပါသည်​။

အဆိုပါဆွမ်း​လောင်းပွဲကို ပင့်​​ကျောင်း(၆၇)​ကျောင်းမှ ဆရာ​တော်​သံဃာ​တော်​ အပါး​ပေါင်း (၆၅၂)ပါးကြွ​ရောက်​ပြီး နံနက်(​၅း၀၀)နာရီတွင်​ အာရုံဆွမ်း ဆက်​ကပ်​လှူဒါန်းပြီး (၆း၀၀)နာရီအချိန်​တွင်​ ရပ်​နီးရပ်​​ဝေး ဆွမ်းဒါယကာများမှ ဆက်​ကပ်​လှူဒါန်းသည့်​ ပစ္စည်းလေးပါးကို ကြွချီအလှူခံကြပါသည်​။

နေ့လည်​ပိုင်း (၁၂း၀၀)နာရီအချိန်​တွင်​ ​ဒေသခံတိုင်းရင်းသားလူမျိုး​ပေါင်းစုံက ပ​ဒေသာပင်​လှည့်​လည်​ပြီး (၁း၀၀) နာရီအချိန်​တွင်​ လှူဒါန်းမှုအစုစုကို သာသနဝိသုဒ္ဓိ​ကျောင်းတိုက်​အတွင်း တရား​တော်​များနာယူကာ ​ရေဆက်​ချအမျ​ပေး​ဝေ၍ ဆွမ်း​လောင်းပွဲ​တော်​ အခမ်းအနားကို ​အောင်​မြင်​စွာပြန်​လည်​ရုပ်​သိမ်းသွားမည်​ဖြစ်​​ကြောင်း သတင်းရရှိပါသည်​။

ခွန်​​အောင်​ထွိုက်​​ဗွေ
Powered by Blogger.