Wednesday, October 10, 2018

ပြောင်းဖူးဝယ်ယူသည့်ပွဲရုံသည် တစ်ရုံနှင့် တစ်ရုံဈေးကွက်မတူကြကြောင်း ပြောင်းဖူးစိုက်တောင်သူများပြောကြား

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာတွင် နယ်ပေါင်းစုံမှ ပွယ်စားများသည် ပြောင်းဖူးကို အဓိကထား ဝယ်ယူနေကြပြီး တစ်ရုံနှင့်တစ်ရုံ ဈေးကွက်မတူကြပဲ အနည်းငယ်ကွာဟနေကြောင်း ပြောင်းစိုက်သူများ ပြောကြားချက်အရ သိရှိရပါသည်။

ဆိုက်ခေါင်မှ မဟုတ်ပါဘူး တစ်ခြားနယ်မှာလည်း ဒီလိုပါပဲ ပြောင်းစိုက်သူများအနေဖြင့် ဈေးကွက်ကို သေချာစုံစမ်းပြီးမှ ရောင်းကြဖို့ အကြံပေးလိုပါတယ် တစ်ချို့ပွယ်စားဆို သူတို့အရင်းထုတ်ပေးလို့ဖြစ်စေ အတိုးငွေပေးထားလို့ဖြစ်စေ ဈေးနှိမ်ပေးတတ်ကြတယ် ရေခြံနှင့် တောင်ယာခြံ ခွဲခြားပြီးတော့လည်း ဈေးနူန်းကွာဟတာတွေရှိတယ် ဘယ်လိုပဲဖြစ်စေ မိမိကုန်ပစည်း အရည်အသွေးကောင်းရင် ဈေးကောင်းရဖို့အတွက် ဖြစ်သလိုမရောင်းကြပဲ ဈေးကောင်းပေးတဲ့ ပွဲစားတွေ ပွဲရုံတွေမှာရောင်းကြဖို့ တိုက်တွန်းကြောင်း ကိုယ်တိုင်လည်းစိုက် ပွဲစားလည်းဖြစ်သည့် မိုးမီးဆိုက်ခေါင် ပြောပြချက်အရ သိရှိရပါသည်။

စိုက်ပျိုးရေးမှ မွေးမြူရေးကာလတွင် ပအိုဝ်းဒေသပြောင်းစိုက်သူများ ၇၀ ရာခိုင်နူန်းထိ တိုးပွားလာပြီး ဒေသအလိုက် အောင်မြင်သူများရှိသလို အချို့ဒေသများ သဘာဝဘေးကြောင့်ဖြစ်စေ၊ ပိုးမွားကျလို့ဖြစ်စေ၊ အရှုံးနှင့်ရင်ဆိုင်နေရသူများလည်း ရှိကြောင်း သိရှိရပါသည်။

မိမိတို့စိုက်ခင်းကို အလွယ်နည်းဖြင့် ပေါင်းသတ်ဆေးအသုံးပြုသူများသည် မြေဆီ၊ မြေလွှာ မြေသြဇာပျက်ဆီး၍ သီးနှံမဖြစ်ထွန်းတော့ပဲ လုံးဝဆုံးရှုံးသူများလည်း ရှိကြောင်း သတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း
Powered by Blogger.