Thursday, November 8, 2018

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စုနှင့် ပေါ့အင် ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်


ရှမ်းပြည်နယ်၊ အမှတ်(၉) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ (ကြယ်ပွင့်မပြ)မေးခွန်းအား ပြန်လည်ဖြေကြားချက်

၁။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စုနှင့် ပေါ့အင်ကျေးရွာအုပ်စုအတွင်းရှိ တကူးမို့ - ပေါ့အင် - လယ်ကြားကျေးရွာချင်းဆက်လမ်းသည် အရှည်(၂)မိုင် (၅)ဖာလုံရှိပြီးလမ်းဦးစီးဌာနမှ စီမံခန့်ခွဲသောပင်လောင်း - လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးသို့ ချိတ်ဆက်ထားသောလမ်း ဖြစ်ပါသည်။ လယ်ကြားရွာမှ ကောင်ထိုကျေးရွာသို့ ဆက်သွယ်သောလမ်းသည် အရှည်(၂)မိုင် (၆)ဖာလုံရှိပါသည်။

၂။ တကူးမို့ - ပေါ့အင် - လယ်ကြားကျေးရွာချင်းဆက်လမ်းအရှည်(၂)မိုင် (၅)ဖာလုံ၏ လက်ရှိအခြေအနေမှာကျောက်ချောလမ်းဖြစ်ပြီးကတ္တရာလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ လယ်ကြား - ကောင်ထိုကျေးရွာချင်းဆက်လမ်းအရှည်(၂)မိုင် (၆)ဖာလုံ၏ လက်ရှိအခြေအနေမှာလယ်ကြားကျေးရွာမှ ကောင်ထိုလမ်းခွဲအထိကျောက်ချောလမ်း (၁)မိုင် (၅)ဖာလုံနှင့် ကောင်ထိုလမ်းခွဲမှ ကောင်ထိုကျေးရွာအထိမြေသားလမ်း (၁)မိုင် (၁)ဖာလုံ ဖြစ်ပါသည်။

၃။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းများအားလမ်းဦးစီးဌာနလမ်းများနှင့် တိုက်ရိုက်ဆက်သွယ်သောလမ်းများကို Class(A)အဖြစ်လည်းကောင်း၊ Class(A) ကျေးလက်လမ်းများသို့ ဆက်သွယ်သောလမ်းကို Class(B) အဖြစ်လည်းကောင်း၊ ကျန်ကျေးလက်လမ်းများကို Class(C) လမ်းများအဖြစ်လည်းကောင်းအဆင့်ခွဲခြားသတ်မှတ်ထားပါသည်။ အဆိုပါ လမ်းအဆင့်အတန်းများအပေါ် မူတည်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မူဝါဒနှင့်အညီကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ Plan အရ Class(A) လမ်းများကို၂၀၂၀ - ၂၀၂၁ ခုနှစ်တွင်လည်းကောင်း၊ Class(B) လမ်းများကို ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင်လည်းကောင်း၊ Class(C) လမ်းများကို ၂၀၃၀ - ၂၀၃၁ ခုနှစ်တွင် လည်းကောင်းရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် ဆောင်ရွက်ရန် လျာထားရေးဆွဲလျက်ရှိပါသည်။

၎။ အဆိုပါ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စုနှင့် ပေါ့အင်ကျေးရွာအုပ်စုရှိ တကူးမို့ -ပေါ့အင် - လယ်ကြားကျေးရွာချင်းဆက်လမ်းနှင့် လယ်ကြားကျေးရွာမှ ကောင်ထိုလမ်းခွဲသို့ ဆက်သွယ် သောလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(A)တွင် ပါဝင်သောကြောင့် ၂၀၂၀ - ၂၀၂၁ ခုနှစ် မတိုင်မီတွင်လည်းကောင်း၊ ထိုလမ်းခွဲမှတဆင့် ကောင်ထိုကျေးရွာသို့ ဆက်သွယ်သောလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(B)တွင် ပါဝင်သောကြောင့် ၂၀၂၅ - ၂၀၂၆ ခုနှစ်မတိုင်မီတွင် လည်းကောင်း၊ ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါသည်။

လွှတ်တော်ရေးရာဌာန (PNO)
Powered by Blogger.