Sunday, November 11, 2018

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်


ရှမ်းပြည်နယ်၊ အမှတ်(၉)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ (ကြယ်ပွင့်မပြ) မေးခွန်းအပေါ် ရှင်းဖြေကြားချက်

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဌပုံမှန်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ အမှတ်(၉)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုအတွင်းရှိ နောင်ဝိုး - ကရား - တရွတမွူး - ညောင်မွူး - လွယ်ဝွန်း ကျေးရွာချင်းဆက်လမ်းမကြီးကို ကျောက်ချော လမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ပေးရန်နှင့်  အသစ်တည်ဆောက်ရန် လိုအပ်သည့် ကွန်ကရစ်တံ တား(၂)စင်းနှင့် သစ်သားတံတား(၁)စင်းတို့ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာ ထားဆောင် ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ (ကြယ်ပွင့်မပြ) မေးခွန်းမေးမြန်းလာပါသည်။

၂။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်  နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ငွေကျပ် (၄၆၀.၈၉၀)သန်း ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။ လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဘိန်းအစား ထိုးစိုက်ပျိုးရေးလုပ်ငန်းများအပါအဝင် ရန်ပုံငွေများတိုးမြင့်၍ စုစုပေါင်းငွေကျပ် (၂၁၄၈.၇၅၁) သန်းခွင့်ပြုပေးထားပြီး လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ပါသည်။

၃။ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ နောင်ဝိုး - ကရား - တရွတ်မွူး - ညောင်မွူး - လွယ်ဝွန်း ကျေးရွာချင်းဆက်လမ်းသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု အတွင်းတည်ရှိပြီး အရှည်(၅)မိုင် (၁၈)ပေအကျယ်ရှိသော မြေလမ်းကြောင်းဖြစ်ကြောင်း၊ ၎င်းလမ်းအား ကျောက်ချောလမ်းအဆင့်မြင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် အဆိုပါလမ်းပေါ်တွင် ကွန်ကရစ် တံတား(၁၀)ပေ (၂)စင်း၊ (၁၈)ပေတစ်စင်း၊ (၄၀)ပေတစ်စင်းနှင့် (၅)ပေ Box Culvertတစ်စင်းတို့ တည် ဆောက်ပေးရန် လိုအပ်ကြောင်း ဒေသတင်ပြချက်အရ သိရှိရပါသည်။

၎။ အဆိုပါ  နောင်ဝိုး - ကရား - တရွတ်မွူး - ညောင်မွူး - လွယ်ဝွန်း ကျေးရွာချင်းဆက်လမ်း (၅)မိုင် ကျောက်ခင်းခြင်း၊ ကွန်ကရစ်တံတားများနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ စိစစ်၍ ထောက်ခံတင်ပြလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ်စီမံကိန်း ရန်ပုံငွေလျာ ထားချက်တွင် အပိုင်းလိုက် အဆိုပြုထည့်သွင်း လျာထားပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် တည်၍ စီစဉ်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

လွှတ်တော်ရေးရာဌာန (PNO)
Powered by Blogger.