Wednesday, November 14, 2018

ကျေးရွာအတွင်းရှိ မျိုးဆက်သစ်များအတွက် ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်


၂၀၁၈-ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်၊ ကြာသပတေးနေ့ နံနက် (၁၀း၀၀)အချိန်တွင် တောင်ကြီးမြို့နယ်၊ နမ်းဟူးကျေးရွာအုပ်စု၊ ထီဟော်ကျေးရွာဓမ္မာရုံ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှဦးဆောင်၍ ခေါင်းဆောင်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ထီဟော်ကျေးရွာ ရွာသူကြီးဖြားဟိန်မှ အမှာစကားပြောကြားရာ ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးရွာအတွင်းရှိ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်ခေါင်းဆောင်များပေါ်ထွက်လာစေရန်နှင့် ကျေးရွာအတွက်အားကိုးအားထားရသော လူငယ်များ စဉ်ဆက်မပျက်ပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်းနှင့် သင်တန်သား/သူများအနေဖြင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ကြရန်လိုပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းနည်းပြ ခွန်ကျော်ထွန်းမှ သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပြီး သင်တန်းကိုစတင်ခဲ့ပါသည်။

အဆိုပါ ခေါင်းဆောင်မှုသင်တန်းကို ၂၀၁၈-ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိနှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး တက်ရောက်လာသူကျေးရွာလူငယ်များ(၁၆)ဦးရှိကြောင်းသတင်းရရှိပါသည်။

ခြဲုင်းမူ;ပေ;
ခမ်းစန္တားဟေ့
Powered by Blogger.