Friday, November 23, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင်ကို ပြင်သစ်သံအမတ်ကြီးက လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်




၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်၊ မွန်းလွှဲ(၂း၃၀)အချိန်တွင် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံး၊ အစည်းအဝေးခန်းမတွင် ပြင်သစ်သံအမတ်ကြီးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင်ကို လာရောက်တွေ့ဆုံကြောင်းသိရသည်။

တွေ့ဆုံရာတွင် ပြင်သစ်နိုင်ငံ ကုမ္ပဏီများနှင့်  ပူးပေါင်းဆောင်ရွက်နိုင်ရန် အောက်ခြေပကတိအခြေအနေများကိုသိရှိနိုင်ရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်သည်။ ပြည်သူလူထုတွေဝင်ငွေတိုးလာမှ သားသမီးများ၏ အနာဂတ်ကိုပြုစုပျိုးထောင်နိုင်မည်ဖြစ်ကြောင်း၊ ကော်ဖီတစ်မျိုးတည်းမဟုတ်ဘဲ အခြားသီးနှံများကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုလက်ခံတွေ့ဆုံပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင် နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ နိုင်ငံတကာဆက်ဆံရေးဌာန ဌာနမှူး ခွန်ကြည် နှင့် တာဝန်ရှိပုဂ္ဂိုလ်များလက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

နန်းဆားတဲုင်
Powered by Blogger.