Wednesday, November 7, 2018

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ ထီခေါင်း နမ်းတိန်းလမ်းပိုင်းကွင်းဆင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်



၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ထီခေါင် နမ်းတိန်း လမ်းပိုင်း ကွင်းဆင်းကြည့်ရှုးခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းသည် ကျောက်တလုံးကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့ အတွက် အရေးပါသော မြို့နယ်ချင်း ဆက်စပ်သောလမ်းဖြစ်ကြောင်း သိရသည်။

ထီခေါင် နမ်းတိုင်းလမ်းသည် ၈ မိုင်ရှိပြီး ထိုလမ်းပိုင်းကို ဆောင်ရွက်ပေးပါက ဘန်းပြင်ကျေးရွာအုပ်စု ရွာပေါင်း ၁၉ရွာနှင့် ကျောက်တလုံးကြီးမြို့နယ်တို့ စီးပွားရေး လမ်းပန်းဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အကျိုးပြုသောမြို့နယ်ချင်းဆက်စပ်သော လမ်းဖြစ်ကြောင်း သိရသည်။

ခွန်ယံသေ
Powered by Blogger.