Tuesday, November 13, 2018

အနာဂါတ်တွင် ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်အတွက် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဥာဏ်ပင်ကြီး(လဲမ်မွူးကွဉ်း)ကျေးရွာတွင် ၂၀၁၈-ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၉းဝဝ)နာရီအချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ ပအိုဝ်းအမျိုးသားအဖွဲချုပ်(PNO)၊ နောင်တရားမြို့နယ်(ရုံးတာဝန်ခံ)၊ ပင်လောင်းမြို့နယ်(ရုံးတာဝန်ခံ)နှင့် ဥာဏ်ပင်ကြီး(လဲမ်မွူးကွဉ်း)ကျေးရွာဒေသခံများ ပူးပေါင်း၍ ဥာဏ်ပင်ကြီး(လဲမ်မွူးကွဉ်း)ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် စွမ်းရည်မြှင့်သင်တန်းကိုဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ဥာဏ်ပင်ကြီး(လျမ်မွူးကွဉ်း)ကျေးရွာ ကျောင်းထိုင်ဆရာတော်အား ကန်တော့ပြီး၊ ငါးပါးသီလခံယူကာ ဆရာတော်ထံမှ သြဝါဒခံယူခဲ့ပါသည်။ ဆက်လက်ပြီး ဒေသခံတစ်ဦးဖြစ်သူ ဆရာဦးလွန်းတင်မှ အဖွင့်အမှာစကားပြောကြားပေးရာတွင် ယခုဖွင့်လှစ်မည့်သင်တန်းသည် စွမ်းရည်မြှင့်သင်တန်းဖြစ်ပြီး မိမိတို့ဒေသရှိလူငယ်များစွမ်းရည်တိုးတက်မြှင့်မားရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထိုကြောင့် သင်တန်းတက်ရောက်လာကြသည့်လူငယ်မောင်မယ်များအနေဖြင့် သင်တန်းကိုမပျက်မကွက် အချိန်မှန်တက်ရောက်ပေးစေလိုကြောင်း၊  နောင်တစ်ချိန် ကျေးရွာဖွံဖြိုးရေးလုပ်ငန်းဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်စေရန် ယခုသင်တန်းမှ သင်ကြားပို့ချပေးမည့်ဘာသာရပ်များကိုလည်း သေချာမှတ်သားစေလိုကြောင်း ပြောကြားပေးခဲ့ပါသည်။ သင်တန်းမှူးခွန်သိန်းစိုးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြောကြားပေးရာတွင် ယခုစွမ်းရည်မြှင့်သင်တန်းသည် ကျေးရွာရှိ လူငယ်မောင်မယ်များအနေဖြင့် လူအများရှေ့စကားပြောဆိုရာတွင် မိမိကိုယ်မိမိယုံကြည်မှုရှိလာစေပြီး စကားပြောကောင်းသူတစ်ဦးဖြစ်လာစေရန်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှုဆိုင်ရာ အခြေခံသဘောတရားများကို သိရှိနားလည်ကာ အနာဂါတ်ကာလ မိမိတို့ဒေသတွင် အများ၏ ယုံကြည်အားကိုးအားထားရသည့်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာ စေရန်နှင့် စည်းရုံးခြင်းဆိုင်ရာနည်းလမ်းများကိုသိရှိလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးကာ သင်တန်းဖွင့်ပွဲအခန်းအနားကို နံနက် (၉း၄၅)နာရီတွင်တွင် ရုတ်သိမ်းခဲ့ပါသည်။

ယခုသင်တန်းကို ၂၀၁၈-ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၂)ရက်ကြာဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နမ်းပုလင်းကျေးရွာအုပ်စုမှ ကြာပူရွာ၊ ငိုလရွာနှင့် ပင်မွန်းကျေးရွာအုပ်စုမှ လျဲမ်မွူးတန်ရွာ၊ ဝါးပြုံးရွာ၊ ခေါဝ်ပူရွာ၊ မြေတိုင်ရွာနှင့် ဥာဏ်ပင်ကြီးရွာမှ သင်တန်းသူ(၄၀)ဦးနှင့် သင်တန်းသား(၄၇)ဦးတက်ရောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ခွန်ကျော;ခေါင်;
ထီရီးဟော်ထို
Powered by Blogger.