Thursday, December 13, 2018

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်






ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ဒီဇင်ဘာလ (၁၃)ရက်၊ နံနက်(၉)နာရီခွဲက၊ ဟိုပုံးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခြေခံပညာ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာထက်တန်း ကျောင်းနှင့် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ များတို့ ၀င်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ပြီး၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက "ကျီးအုပ်ထဲက ခို" ခေါင်းစဉ်နှင့် "ဖခင်ကြီးနဲ့သားများ" ခေါင်းစဉ်တို့ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ရီရီမေ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းခမ်းခြူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒေါ်နန်းလှမေတို့က ဆုများအသီးသီးပေးအပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က အဖွင့်အမှာစကားနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်နန်းခမ်းခြူးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားခြင်းတို့ အသီးသီး ပြောကြားခဲ့ပြီး၊ အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲသို့အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ မူလတန်း(လွန်)ကျောင်း၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း များတို့မှ ကျောင်းသား/သူ များက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.