Saturday, December 8, 2018

၂၁-နီဆာ;တဲုင် ပအိုဝ်းလူငယ်အနုပညာအဖွဲ့အား အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းဖွင့်လှစ်ပို့ချ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်



တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှဦးဆောင်၍ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ၂၁-နီဆာ;တဲုင် လူငယ် အနုပညာအဖွဲ့အား “အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်း”ကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းကို ဒီဇင်ဘာလ  (၁၂)ရက်၊ ၂၀၁၈-ခုနှစ်၊ နံနက်(၉း၃၀)နာရီအချိန်တွင် သင်တန်းသား/သူစုစုပေါင်း (၁၄)ဦးဖြင့်စတင်ခဲ့ပါသည်။

ထိုသို့စတင်ရာတွင် သင်တန်းမှူးခွန်သိန်းစိုးမှ “၎င်းသင်တန်းဖွင့်လှစ်ရခြင်းသည် ပအိုဝ်းမျိုးဆက်သစ် အနုပညာလုပ်ငန်းရှင်များ ရေရှည်ရပ်တည်နိုင်ရန် အနာဂတ်စီးပွားရေးအခွင့်အလမ်းများကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ရန်ရည်ရွယ်၍ မိမိတို့ထံဆက်သွယ်ညှိနှိုင်းခြင်းကြောင့် ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။ ၎င်းနည်းတူ မိမိတို့အဖွဲ့အစည်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရပ်ရွာလူထုနှင့်ပူးပေါင်း၍ အစဉ်တစိုက်လုပ်ဆောင် နေသည်နှင့်အညီ မျိုးဆက်သစ်လူငယ်များ မိမိတို့စီးပွားရေးလုပ်ငန်းကို ပိုမိုကောင်းမွန်ကောင် ဖန်တီးနိုင်ရန်နှင့် ရပ်ရွာလူထုများကိုအကျိုးပြုစေမည့် မည်သည့်သင်တန်းမျိုးကိုမဆို အချိန်မရွေးဆက်သွယ်ညှိနှိုင်း ဖွင့်လှစ်နိုင်ပါသည်။ မိမိတို့ဖွင့်လှစ်ပို့ချပေးနေသည့် သင်တန်းများမှာ အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်း၊ ခေါင်းဆောင်မှုသင်တန်း၊ အခြေခံအစာအာဟာရဖွံ့ဖြိုးမှုသင်တန်း၊ စွမ်းရည်မြှင့်သင်တန်းများဖြစ်ကြသည်။ ယနေ့သင်တန်းသည် တစ်ရက်တာသင်တန်းဖြစ်သည့်အတွက် မိမိတို့ပို့ချမည့်သင်ခန်းစာများ ထိရောက်စွာ ရယူနိုင်ရန်အတွက် အချိန်ပြည့်တက်ရောက်ကြရန်နှင့် သင်တန်းအတွင်း လွတ်လပ်စွာ အပြန်အလှန်ပါဝင် ဆွေးနွေးကြရန်” စသည်ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားကိုယ်စားခွန်ရရက်မှ “မိမိတို့သည် အနုပညာလုပ်ငန်းကို လုပ်ဆောင်နေသည့် အတွက် မိမိတို့အနုပညာလုပ်ငန်းရေရှည်ရပ်တည်နိုင်ရန်နှင့် အနုပညာလုပ်ငန်းများကို လူထုအတွက် ပိုမိုထိရောက်စွာအကျိုးပြုနိုင်ရန် မိမိတို့အနုပညာရှင်များစုပေါင်း၍ အစုစပ်လုပ်ငန်းအထိ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း၊ ယနေ့တက်ရောက်လာသည့် သင်တန်းသား/သူများသည် လူဦးရေအရနည်းပါးသော်လည်း သင်ခန်းစာများကို ပိုမိုထိရောက်စွာရယူနိုင်မည်ဟု မျှော်မှန်းထားပါသည်။ ထို့ကြောင့် ယနေ့ကဲ့သို့ သင်တန်းဖြစ်မြှောက်အောင် လာရောက်သင်ကြားပေးသည့် သင်တန်းနည်းပြများကိုလည်း ကျေးဇူးတင် ရှိပါကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းနည်းပြနန်းထက်မြက်ဝင်းမှ သင်တန်း၏ရည်ရွယ်ချက်ကို ပြောကြားပြီး သင်တန်းသား/သူများနှင့်နည်းပြများ အပြန်အလှန်မိတ်ဆက်ကာ နံနက်(၉း၅၀)နာရီအချိန်တွင် သင်တန်းသား (၁၀)ဦး၊ သင်တန်းသူ(၄)ဦးဖြင့် သင်တန်းကိုစတင်ခဲ့ပါသည်။ ပို့ချမည့်သင်ခန်းစာများမှာ စီးပွားရေးဆိုတာ ဘာလဲ၊ စွန့်ဦးတီထွင်လုပ်ငန်းတစ်ဦး ရှိရမည့်အရည်အချင်းများ၊ စီးပွားရေးလုပ်ငန်း အမျိုးအစား(၄)မျိုး၊ ဈေးကွက်ရှာဖွေခြင်း(P)ခုနှစ်လုံး၊ ပြောင်းဖူးစိုက်ပျိုးရေးခြံနှင့် ပြောင်းမျိုးစေ့ရောင်းဝယ်ရေးလုပ်ငန်းကိုအခြေခံ၍ ဝင်ငွေ-ထွက်ငွေ၊ အရှုံး-အမြတ်တွက်ချက်ခြင်း စသည့်ခေါင်းစဉ်များ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မျင်,မိုရ်;ခွန်
Powered by Blogger.