Tuesday, December 4, 2018

က​နေဒါနိုင်​ငံအစိုးရ၊ က​နေဒါသံရုံးနှင့်​ IDRC/CRDIအဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)တာဝန်​ရှိပုဂ္ဂိုလ်​များအား လာ​ရောက်​​တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်


‌၂၀၁၈-ခုနှစ်​၊​ ဒီဇင်​ဘာလ(၄)ရက်​၊ မွန်းလွဲ(၁း၀၀) နာရီအချိန်​ ​တောင်​ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ (PNO)၊ ဗဟိုဌာနချုပ်​ရုံးတွင်​ က​နေဒါနိုင်​ငံအစိုးရ၊ က​နေဒါသံရုံး တာဝန်​ရှိပုဂ္ဂိုလ်​နှင့်​ Internationl Development Research Centre (IDRC) Centre de recherches pour le developpement international (CRDI) အဖွဲ့တို့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ (PNO) တာဝန်​ရှိပုဂ္ဂိုလ်​များအား လာ​ရောက်​​တွေ့ဆုံခဲ့သည်​။

‌အဆိုပါ ​တွေ့ဆုံရာတွင်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(​ PNO) အဖွဲ့လက်​ရှိ​ဆောင်​ရွက်​​နေသည့်​ပအိုဝ်း​ဒေသ ဖွံ့ဖြိုး​ရေးလုပ်​ငန်း အ​ကြောင်းအရာများ၊ MIID နှင့်​ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရဒေသဦးစီးအဖွဲ့တို့ ပူး​ပေါင်း၍ လုပ်​​ဆောင်​ခဲ့​သော လုပ်​ငန်းများ ဆက်​လက်​​ဆောင်​ရွက်​မည့်​လုပ်​ငန်းအ​ခြေအ​နေများ၊ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသတွင်​ ကျား/မနှင့်​ပတ်​သက်​သည့်​အကြောင်းအရာများကို သိရှိနိုင်​ရန်​၊ စစ်​တမ်း​ကောက်​ယူနိုင်​ရန်​ အတွက်​ လာ​ရောက်​​တွေ့ဆုံခြင်းဖြစ်​​ကြောင်း သိရှိရသည်​။

‌ထို​တွေ့ဆုံပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟိုဌာနချုပ်​ရုံး ရုံးအဖွဲ့မှူး ခွန်​​ကျော်​ဝင်းနှင့်တာဝန်​ရှိပုဂ္ဂိုလ်​များ၊ က​နေဒါနိုင်​ငံအစိုးရ က​နေဒါသံရုံးနှင့်​ IDRC၊ CRDI အဖွဲ့ တာဝန်​ရှိပုဂ္ဂိုလ်​များ တက်​​ရောက်​ခဲ့​ကြောင်း သိရှိရသည်​။

‌ခွန်​​အောင်​ထွိုက်​​ဗွေ
Powered by Blogger.