Monday, January 7, 2019

‘‘Basic English Skill ဆရာဖြစ်သင်တန်း’’ ဖွင့်လှစ်မည်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်


ကျေးလက်ဒေသရှိ အခြေခံပညာကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို ကူညီမြှင့်တင်ပေးနိုင်ရန်အလို့ငှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပီတိဆရာကွန်ရက်(PTN)တို့ ပူးပေါင်း၍ ‘‘Basic English Skill ဆရာဖြစ်သင်တန်း’’ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းကို တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းနေ့ရက်မှာ (၁၂.၁.၂၀၁၉)နေ့မှ (၁၇.၂.၂၀၁၉)နေ့အထိဖြစ်ပြီး စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဆရာဖြစ်သင်တန်းတက်ရောက်မည့်သူသည် လာမည့် နွေရာသီကျောင်းပိတ်ရက်တွင် စီစဉ်ပေးမည့် ကျေးလက်ဒေသရှိ အခြေခံပညာကျောင်းသားကျောင်းသူများအား အင်္ဂလိပ်ဘာသာစကားသင်ကြားပေးခြင်းအစီအစဉ်တွင် ပြန်လည်သင်ကြားပေးနိုင်သူဖြစ်ရမည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသူသည် အင်္ဂလိပ်ဘာသာစကားအခြေခံစွမ်းရည် ကောင်းမွန်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကောင်းမွန်သူ ဖြစ်ရန် လိုအပ်မည်ဖြစ်ပါသည်။ စိတ်ဝင်စားသူများအနေဖြင့် (၁၀.၁.၂၀၁၉)နေ့ နောက်ဆုံးထား၍ ဖုန်း 09 420150192 (နန်းတင်ရွှေဦး)ကို အမည်စာရင်းပေးသွင်းကြရန် နှိုးဆော်အပ်ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
Powered by Blogger.