Tuesday, January 8, 2019

အရည်အချင်းဆီသို့

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၈)ရက်


စွမ်းရည်မြှင့်လို့ပြောလိုက်ရင် ရင်ခုန်စရာ အခွင့်အရေးတစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းတွင် လုပ်ကိုင်နေကြသည့် ၀န်ထမ်းတွေက မိမိတို့အခွင့်အရေးကောင်း တစ်ရပ်လို အလုပ်လက်မဲ့လူငယ်ဝန်ထမ်းတော်တော်များများ ကလက်ခံကြပါသည်။ နေ့စဉ်လည်ပတ်နေကြတဲ့ စီးပွားရေးလုပ်ငန်းခွင်များ၊ အဖွဲ့အစည်းများ၊ စက်ရုံအုပ်ရုံများ၊ အစိုးရဌာနများမှာ ၀န်ထမ်းများရဲ့ စွမ်းဆောင်မှုအရည်အသွေးကို မဖြစ် မနေမြင့်တင်ဖို့ လိုအပ်သည်။

ဥပမာထင်းခုတ်သမားတစ်ဦး နေ့စဉ်အသုံးပြုတဲ့ဓါးတစ်လက်လို သုံးပဲသုံးပြီး မသွေးဘဲထားလျှင် ထင်းခုတ်ဖို့အတွက် အဆင်မပြေနိုင်သလို ၀န်ထမ်းတစ်ယောက်ကို လိုအပ်ချိန်တိုင်း သုံးပဲသုံးပြီး စွမ်းဆောင်မှုအရည်အသွေးကို ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာမှမပံ့ပိုး လုပ်ဆောင်မှု မပေးခဲ့လျှင် အထောက်အပံ့ကောင်းတွေမပေးခဲ့လျှင် ၎င်းဝန်းထမ်းကို မီခိုနေတဲ့မိသားစုကို ထိခိုက်နိုင်သည့်အပြင် ၎င်းဝန်ထမ်းကျင်လည်သည့် လူမှုအသိုင်းအ၀ိုင်း၊ ၎င်းလုပ်ကိုင်သည့် လုပ်ငန်းခွင်မှာ စွမ်းဆောင်မှု အရည်အသွေးတဖြည်းဖြည်းကျဆင်းနိုင် သည့်အပြင် အဖွဲ့အစည်းရဲ့အောင်မြင်မှုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းသော်လည်းကောင်း ထိခိုက်နိုင်ပါသည်။

ဝန်ထမ်းအရည်အချင်းနှင့် စွမ်းဆောင်ရည်မြင့်တင်ခြင်းသည် လိုအပ်ချက်တစ်ခုဖြစ်သောကြောင့် ၀န်ထမ်းလေ့ကျင့်ရေးအတွက် သို့မဟုတ် ၀န်ထမ်းရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ဖို့ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမဖြစ်မနေ အလေးပေးစဉ်းစားကြဖို့လိုအပ်သည်။ ပြည်သူ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများ၊ အစိုးရမဟုတ်သော အခြားနိုင်ငံတကာအဖွဲ့အစည်းမှ ၀န်ထမ်းများနှင့် စေတနာအလျောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပရဟိတကျောင်း များစသည့် လုပ်ငန်းခွင်နယ်ပယ်အသီးသီးမှာ ၀င်ရောက်လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းကောင်းတွေလည်း တကိုယ်ရည်အရည်အချင်းတွေ စွမ်းဆောင်ရည်တွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် နေ့စဉ်လေ့လာ သင်ယူကြဖို့လိုအပ်ပါသည်။
       
ဝန်ထမ်းတစ်ယောက် အရည်အချင်းပြည့်မီလေ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် အသင့်ဖြစ်စေတဲ့အပြင် မိမိအဖွဲ့အစည်းအတွက် ၎င်းဝန်ထမ်းကို အမှီပြုနေထိုင်သည့် မိသားစုနှင့် မိမိ၎င်းတို့ လူမူ့အဖွဲ့အစည်းအတွက်လည်း များစွာအကျိုးပြုနိုင်ပါတယ်။ ထင်ပေါ်ရင် စင်တော်ကကောက်တယ်ဆိုတဲ့အတိုင်း အရည်အချင်း ပြည့်ဝတဲ့ဝန်ထမ်း/လူငယ်တွေကို လုပ်ငန်းရှင် တော်တော်များကလည်း လက်ကမ်းကြိုဖို့ အသင့်ရှိနေတတ်ကြပါသည်။

ဝန်ထမ်းစွမ်းရည်မြှင့်တင်ခြင်းကိစ္စနှင့် ပတ်သက်ပြီး တစ်ချို့တစ်ချို့သော အဖွဲ့အစည်းများ၊ တချို့လူမှုအဖွဲ့အစည်းသော်လည်းကောင်း၊ အစိုးရဌာနသော်လည်း၊ စီးပွားရေးကုမ္ပဏီ သော်လည်းကောင်း၊ စက်ရုံအလုပ်ရုံတွင်လည်းကောင်း ၀န်ထမ်းများကို စွမ်းဆောင်ရည်တိုးမြင့်ချင်ပေမဲ့  စွမ်းရည်မြင့်ပေးပြီးနောက်ပိုင်းတွင် ၀န်ထမ်းတွေ အလုပ်ပြောင်းကုန်မှာစသည့် စိုးရိမ်ရှိနေကြပါတယ်။ ၀န်ထမ်းများအလုပ်ပြောင်းတာ အမှားမဟုတ်ပေမဲ့ ၀န်ထမ်းများကို စွမ်းဆောင်ရည် မြင့်တင်ခြင်း မလုပ်ပေးခြင်းက အမှားတစ်ခုဖြစ်နေပါသည်။

ဘာကြောင့်လည်းဆိုတော့ မိမိလုပ်ငန်းအရည်အသွေးကောင်းကောင်းနဲ့ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ရန်နှင့် ဖော်ဆောင်နိုင်ရန် ၀န်ထမ်းများရဲ့အရည်အသွေးကောင်းများ အရည်အချင်းများကောင်းမွန်နေမှ လူ့မှုအဖွဲ့အစည်းအတွက်သော်လည်း မိမိတို့မျော်လင့်နေတဲ့ ရလဒ်များကိုလည်းကောင်း ရရှိနိုင်မှာဖြစ်ပါသည်။

ဒါကြောင့် ယနေ့မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းကြားရေးပန်းနေတဲ့ (Capacity Builiding Training) စွမ်းရည်မြှင့်တင်ခြင်းသင်တန်းကို လူတစ်ဦးချင်း အရည်အချင်း ဖြည့်တင်းခြင်းပါပဲ။ ၀န်ထမ်းတွေအနေနဲ့ လုပ်ငန်းအမျိုးအစား ရာထူးအမျိုးအစားအလိုက် စွမ်းဆောင် ရည်မြင့်တင်ဖို့အတွက် ယနေ့ခေတ်ထဲမှာ စွမ်းရည်မြှင့်သင်တန်းတွေ များစွာရှိနေပါသည်။

ယနေ့မျက်မှောက်ခေတ်လူငယ်များအနေနဲ့လည်း ရိုးရိုးဘွဲ့နဲ့ ဘ၀တစ်ခုတည်ဆောက်ဖို့ မလုံလောက်တော့သည်ကို လူငယ်များနားလည်သဘောက် ပေါက်ဖို့လိုအပ်နေပါသည်။ စွမ်းရည်မြှင့်သင်တန်းများကို ၀န်ထမ်းသော်လည်းကောင်း အလုပ်မရှိသေးသော ကျောင်းပြီးစလူငယ်များ သော်လည်းကောင်း ကိုယ့်အရည်အချင်းကိုမြှင့်တင်ဖို့ စွမ်းရည်မြင့်သင်တန်းတွေကို လေ့လာတက်လို့ရသလို အဖွဲ့အစည်းများနှင့်လုပ်ငန်းရှင်များအနေနဲ့ကလည်း မိမိတို့ဝန်ထမ်း အရည်အချင်းကိုမြင့်တင်ဖို့ သင်တန်းပေးဖို့လိုပါသည်။ သို့ပေမဲ့ သင်တန်းတွေ မှိုလိုပေါက်နေတဲ့ ယနေ့လိုခေတ်မျိုးမှာ Professional ကျသော သင်တန်းကောင်းများ ရွေးချယ်တတ်ရန်လည်း အလွန်လိုအပ်ပါတယ်။ ဒါမှလည်း အချိန်ကုန် လူပင်ပန်း ငွေကုန်ရ ကျိုးနပ်နိုင်မှာဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းရှင်များသော်လည်းကောင်း၊ လူမှုအဖွဲ့အစည်းများသော်လည်းကောင်း၊ နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများသော်လည်းကောင်း မိမိတို့လိုချင်၊ ရောက်ချင်သော ရည်မှန်းချက်ပန်း၊ လိုချင်သောရလဒ်များရရှိနိုင်ရန် ကောင်းကောင်းမွန်မွန်အောင်အောင်မြင်နဲ့ မိမိတို့လက်အောက်ရှိ ငယ်သားများ၏ စွမ်းဆောင်မှုအရည်အသွေးကို မြင့်တင်ပေးနိုင်ရန်လိုအပ်ပါသည်။ ထို့အပြင် လက်ရှိဘွဲ့ရအလုပ်လက်မဲ့ လူငယ်များအနေနဲ့လည်း အလုပ်တစ်ခုလျှောက်ရာတွင် မိမိတို့ဘက် အဆင်သင့်ဖြစ်စေရန် စာအုပ်များ ဟောပြောပွဲများ၊ စွမ်းရည်မြှင့်သင်တန်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကောင်းတွေ တက်ထားဖို့လိုအပ်ပါသည်။

ခမ်းစိုး
Powered by Blogger.