Wednesday, April 10, 2019

ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့မှ သံဃာတော်နှင့်ဆရာ ဆရာမများ စာစစ်ပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များက တက်ရောက်အားပေးစကားပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်















၂၀၁၉-ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ ညနေ (၃း၀၀) အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြောက်ထီဗွာကျေးရွာအုပ်စု၊ လယ်ကြားရွာဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းစာပေပြန်ပွားရေးအဖွဲ့ သံဃာတော်များနှင့် ဆရာ/ဆရာမ စာစစ်အဖွဲ့အများအား ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိုဂ္ဂိုလ်များက တက်ရောက်အားပေး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်းက အမှာစကားပြောကြားရာ ''စာပေသည် လူမျိုးတစ်မျိုး၏ အသက်သွေးကြောဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးသည်လည်း ဘိုးဘွားစဉ်ဆက် ခေတ်အဆက်ဆက်ကတည်းကပင် သံဃာတော်များဦးဆောင်မှုကြောင့် ယနေ့တိုင် တည်ရှိနေရခြင်းဖြစ်ကြောင်း၊ ယခုအခါတွင်လည်း တိုင်းရင်းသားစာပေများကို စာသင်ကျောင်းများတွင် သင်ယူခွင့်ရရှိပြီးဖြစ်ကြောင်း၊ ရေတိမ်ရေနက်ကို ကြာရိုးနှင့်တိုင်းလို့ ရနိုင်သလို မိမိတို့၏ လူမျိုးတိုးတက်မှုအခြေအနေများကို စာပေတက်မြောက်မှုကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း၊ မိမိတို့ ပအိုဝ်းလူမျိုး၏ စာပေ ဘာသာစကား ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းရန် လူတိုင်းတွင် တာဝန်ရှိပါကြောင်း၊ ၁၉၉၁ ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်မားရေး၊ လမ်းပန်းဆက်သွယ် စသောဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယခုထိလုပ်ကိုင်ဆောင်ပေးလျက်ရှိကြောင်း စည်းလုံးညီညွှတ်မှုသည် အရေးကြီးလှပါကြောင်း စည်းလုံးညီညွှတ်မှုရှိမှသာ မိမိတို့လိုအပ်သောပန်းတိုင်သို့စသောအမှာစကားအသီးသီးပြောကြားခဲ့ကြောင်း" သိရသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် ခွန်ဆောင်းရွှေက "စန္တာခမ်းအတွင်းနေထိုင်ကြသော မိမိတို့ပအိုဝ်းသည် စည်းလုံးညီညွှတ်မှုတွင် စံပြဖြစ်ကြပြီး ဂုဏ်ယူစရာအလွန်ကောင်းပါကြောင်း၊ ခေတ်စနစ်ပြောင်းလဲမှုနှင့်အညီ လူငယ်များနှင့်ပတ်သက်သောနိုင်ငံရေး အခြေအနေများအကြောင်း အမှာစကားပြောကြားပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဆရာခွန်ကြည်က ''မိမိကိုယ်ကို ယုံကြည်မှုရှိရန်လိုအပ်ကြောင်း မည်သည့်အခက်အခဲကိုမဆို ကျော်ဖြတ်နိုင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း မည်သည့်အလုပ်မဆို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ရန်လိုအပ်ကြောင်းနှင့် ပညာရေးအခြေအနေများကို မျှဝေသွားခဲ့ကြောင်းသိရှိသည်။

အဆိုပါအခမ်းအနားတွင် ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့မှသံဃာတော်များ၊ ပင်လောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဖြားခွန်မောင်သောင်း၊ ပအိုဝ်းအမျိုးအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ
Powered by Blogger.