Wednesday, May 22, 2019

အမျိုးသမီးအိမ်​တွင်းမှုအသက်​​မွေးလုပ်​ငန်းပညာသင်​တန်း​ကျောင်း(ဆိုက်​​ခေါင်​)တွင်​ သင်​တန်းများ​ကျောင်း ဖွင့်​လှစ်​​ပေးမည့်​အ​ခြေ​အ​နေ ကွင်းဆင်းကြည့်​ရှုခြင်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၃)ရက်






ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ ဆီဆိုင်​မြို့နယ်​၊ ​ပါ​​လောပါကယ်​​ကျေးရွာအုပ်​စု၊ ဆိုက်​​ခေါင်​​ကျေးရွာရှိ နံနက်​ (၁၁း ၁၅) နာရီအချိန်တွင်​ ရှမ်းပြည်​နယ်​၀န်​ကြီးချုပ်​ ​ဒေါက်​တာလင်းထွဋ်​၊ စိုက်​ပျိုး​ရေးနှင့်​ဆည်​​မြောင်းဝန်​ကြီး ဦးစိုင်းလုံ​ကျော်​၊ နယ်​စပ်​​ရေးရာနှင့်​လုံခြုံ​ရေးဝန်​ကြီး ဦးလှဦး၊ ပအိုဝ်းကိုယ်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ဦးစီး ဥက္ကဋ္ဌ ဦးခွန်​စံလွင်​၊ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​၊ ဦးခွန်​​မောင်​ပယ်​၊ ဦးခွန်​လှသိန်း၊ သက်​ဆိုင်​ရာအစိုးရဌာနဆိုင်​ရာများတို့သည်​ အမျိုးသမီးအိမ်​တွင်းမှုအသက်​​မွေးလုပ်​ငန်းပညာသင်​တန်း​ကျောင်း(ဆိုက်​​ခေါင်​)တွင်​ သင်​တန်းများ​ကျောင်း ဖွင့်​လှစ်​​ပေးမည့်​ အ​ခြေ​အ​နေကွင်းဆင်းကြည့်​ရှုခဲ့ပါသည်​။

ထိုသင်​တန်းဖွင့်​လှစ်​ရခြင်း၏ ရည်​ရွယ်​ချက်​မှာ ၁။ ပြည်​​ထောင်​စုတိုင်းရင်းသူ​လေးများသည်​ ပညာရှာမှီးရင်း တိုင်းရင်​သူအချင်းချင်း ပိုမိုစည်းလုံးချစ်​ခင်​လျက်​ ပြည်​​ထောင်​စုစိတ်​ဓာတ်​ခိုင်​မြဲသည့်​ တိုင်းရင်းသူ​လေးများ ဖြစ်​လာ​စေရန်​။

၂။ နယ်​စပ်​​ဒေသနှင့်​ ဆင်းရဲနွမ်းပါး​သော​ဒေသများရှိအိမ်​တွင်းမှုသက်​​မွေးဝမ်း​ကြောင်း ပညာရပ်​များ သင်​ကြား​ပေး​စေရန်​နှင့် သင်​ကြားတတ်​​မြောက်​သည့်​ အသက်​​မွေးဝမ်း​ကျောင်း ပညာရပ်​များဖြင့်​ ကိုယ်​ပိုင်​စီးပွား​ရေးလုပ်​ငန်းထူ​ထောင်​နိုင်​သည်​အထိ ကူညီ​ဆောင်​ရွက်​​ပေးရန်​။

၃။ တိုင်းချစ်​၊ ပြည်​ချစ်​၊ အမျိုးချစ်​ အစဉ်​ရှင်​သန်​ထက်​မြတ်​​နေသည့်​ အမျိုးသမီး​လေးများဖြစ်​လာ​စေရန်​။

၎။ အိမ်​တွင်းမှုပညာရပ်​များ သင်​ကြား​ပေးခြင်းဖြင့်​ အလုပ်​အကိုင်​အခွင့်​ အလမ်းများရရှိပြီး စားဝတ်​​နေ​ရေးဘက်​စုံတိုးတက်​၍ လူ​နေမှုအဆင့်​အတန်းမြင့်မားလာ​စေရန်​။

၅။ အမျိုးဂုဏ်​၊ ဇာတိဂုဏ်​ ​စောင့်​ထိန်းပြီး အကျင့်​ စာရိတ္တ​ကောင်းမွန်​သည့်​ အမျိုးသမီးများဖြစ်​လာ​စေရန်​ ရည်​ရွယ်​ချက်​ဖြင့်​ ဖွင့်​လှစ်​​ပေးပါသည်​။

Crd# Pa-O Region News(fb)
Powered by Blogger.