Tuesday, May 21, 2019

နောင်တောင်းတပ်ဦး ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဗုဒ္ဓဘာသာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းတပ်ဦး ပရဟိတ   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နောင်တောင်းဆရာတော် ဦးဆောင်ပြီး ဖွင့်လှစ်သော ဗုဒ္ဓဘာသာစွမ်းရည်မြှင့် သင်တန်းကို ၂၀၁၉-ခုနှစ်၊ မေလ-၁၇ရက်နေ့မှ မေလ-၂၈ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာစွမ်းရည်မြှင့်သင်တန်းတွင် ဗုဒ္ဓ၀င်အကျဉ်း၊ မိမိကိုယ်ကို သိရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ (၃၈)ဖြာမင်္ဂလာအစရှိသည့် ခေါင်းစဉ်များဖြင့် နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညားရေးကျောင်းရှိ ဆရာ/ဆရာမများနှင့် ဗုဒ္ဓကောလိပ်သင်တန်းကျောင်းမှ သင်တန်းကထိက ဆရာတော်သံဃာတော်များက သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်များမှ သင်တန်းသူ/သင်တန်းသားများနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်များရှိ သင်တန်းသူ/သားများက အများဆုံးတက်ရောက်ခဲ့ကြကာ ၄င်းသင်တန်းသည် သံဃာ- ၁၄၇ပါး၊ သီလရှင်(၁)ပါး၊ သင်တန်းသား-၃၉၀ ဦး၊ သင်တန်းသူ-၆၀၆ ဦး၊ စုစုပေါင်း သင်တန်းသူ/သား ၁၁၄၄- ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရှိရပါသည်။

ခမ်းရတနားခွန်- ခွန်ယံသေ


Powered by Blogger.