Tuesday, June 18, 2019

ဆီဆိုင်မြို့နယ်၊ နောင်အယ်ကျေးရွာတွင် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများတိုးတက်ရရှိရေးစီမံကိန်း ငွေစုငွေချေးနေ့အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉)ရက်



ကနေဒါနိုင်ငံအစိုးရနှင့် အလှူရှင်တို့ရဲ့ပံ့ပိုးမှုဖြင့် MEDA အဖွဲ့နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်သော အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိရေးစီမံကိန်း ငွေစုငွေချေးနေ့အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်အယ်ကျေးရွာမှာ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါငွေစုငွေချေးနေ့အခမ်းအနား ပြုလုပ်ရတဲ့အကြောင်းကတော့ ကျေးရွာရှိ ငွေစုငွေချေးကို အကောင်အထည်ဖော်ဆောင်ရွက်သော ငွေစုငွေချေး အဖွဲ့ဝင်တိုင်း စုငွေပိုမိုအားကောင်းလာစေရန်၊ အခြားကျေးရွာရှိ ငွေစုငွေချေးအဖွဲ့ဝင်ရဲ့ အသားချက်၊ အားနည်းချက်များ အချင်းချင်းလေ့လာ သင်ယူတတ်လာစေရန်၊ ငွေစုငွေချေးအဖွဲ့ဟာ လူမူအကျိုးပြုစေတဲ့ အထောက်အကူများဖြစ်စေရန်၊ အခြားငွေကြေးဝန်ဆောင်မှုအဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဆွေနွေးပွဲမှာ တောင်ကြီး၊ ဆီဆိုင်နှင့်ညောင်ရွှေမြို့နယ်အတွင်းရှိ အမျိုးသမီးများ၊ ရပ်ရွာအခြပြု ကိုယ့်အားကိုယ်ကိုး ငွေစုငွေချေးအဖွဲ့များ တက်ရောက်ကြပြီး စိုက်ပျိုးစရိတ်ချေးငွေများအကြောင်း၊ ငွေစုငွေချေးအကြောင်းနှင့် ငွေစုငွေချေးပြုလုပ်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲများအကြောင်းတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ယခုအချိန်မှာ တောင်ကြီး၊ ဆီဆိုင်၊ ကျောက်တလုံးကြီး၊ ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၄၀)ကျော်ဟာ ရပ်ရွာအခြေပြုကိုယ့်အားကိုယ်ကိုး ငွေစုငွေချေးအဖွဲ့များ ပေါ်ပေါက်လာနေပြီး ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်မျင်းမိုရ်
Powered by Blogger.