Sunday, June 16, 2019

ကျေးရွာလူထု​ခေါင်း​ဆောင်​စွမ်းရည်​မြင့်​သင်​တန်းဖွင့်​လှစ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇)ရက်





ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ ဟိုပုံးမြို့၊ ​နောင်​​တောင်းတပ်​ဦးပရဟိတ​ကျောင်း ယ​နေ့ နံနက်​ ( ၈း၀၀) နာချိန်​အချိန်​တွင်​ သင်​တန်းအခမ်းအနားဖွင့်​လှစ်​ခဲပါသည်​။

အခမ်းအနားတွင်​ လွယ်​တင်းဆရာ​တော်​ ဘဒ္ဒန္တနိမ္မလမှ အဖွင့်​အမှာစကား​ပြောကြားတွင်​ ယခုတက်​​ရောက်​လာ​သည့်​သင်​တန်းသား/သူများသည်​ မိမိ​တို့​ကျေးရွာတွင်​ တာဝန်​ထမ်း​ဆောင်​​နေသည့်​ ပုဂ္ဂိုလ်​များဖြစ်​သည့် အတွက်​ ယခုသင်​တန်းသည်​ မိမိကိုယ်​ကို သိရှိလာပြီး စွမ်းရည်​မြင့်​လာ​စေရန်​နှင့်​ အဆိုပါသင်​တန်းဖွင့်​လှစ်​ရခြင်းရည်​ရွယ်​ချက်​မှာ ရပ်​ရွာဖွံ့ဖြိုး​ရေးလုပ်​ငန်းဖြစ်ေ​သာ လူမှု​​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး ၊ ဖွံ့ဖြိုး​ရေးလုပ်ငန်း​​တွင်​ တစ်​ဦးချင်းစီစွမ်းရည်​တိုးတက်​လာပြီး ရပ်​ရွာဖွံ့ဖြိုး​ရေးလုပ်​ငန်းတွင်​ ထဲထဲဝင်​၀င်​စည်းစည်းလုံးလုံး ပူး​ပေါင်းပါဝင်​​ဆောင်​ရွက်​လာ​စေရန်​ ရည်​ရွယ်​၍ဖွင့်​လှစ်​ကျင်းပ​ကြောင်း​ပြောကြားခဲ့ပါသည်​။

ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဖြားခွန်​သိန်း​ဖေမှ လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေ၊ ပအိုဝ်းအမျိုးသား​ရေးအ​ခြေ​နေ၊ လွှတ်​​တော်​မှ လုပ်​ငန်း​ဆောင်​ရွက်​ချက်​များ၊ ပအိုဝ်းအမျိုးသားများ လက်​ရှိလုပ်​ငန်း​ဆောင်​ရွက်​ချက်​များသည်​ သက်​ဆိုင်​ရာအမျိုးသားမှ အဖွဲ့ အစည်းများသည်​ ကဏ္ဍအလိုက်​ အမျိုးသားတာဝန်​များထမ်း​ဆောင်​လျက်​ရှိပါကြပါသည်​။ မိမိတို့အမျိုသားသည်​ တည်​​ဆောက်​​ရေးကိုသွား​နေသည့်​လမ်းစဉ်​ဖြစ်​​ကြောင်း၊ မိမိတို့လူမျိုး ​အမျိုးသား​ခေါင်း​ဆောင်​မှ ချမှတ်​သည့်​ လမ်းစဉ်​အတိုင်း ယ​နေ့အထိ ​ကျေးရွာတိုင်း ကျင့်​သုံးလျက်​ရှိပါသည်​။ သို့ဖြစ်​၍ ယခုသင်​တန်းသို့တက်​​ရောက်​သည့်​ လူကြီးမင်းတို့သည်​လည်း ​ကျေးရွာ၏ တာဝန်​ရှိသူများဖြစ်​သည့်​ အတွက်​ ယခုသင်​တန်းနှင့်​ ရရှိ​သောသင်​ခန်းစာများကို လက်​​တွေ့အသုံးချသွားသင့်​​ကြောင်း ယခုသင်​တန်းသည်​ လွန်​စွာအ​ရေးကြီး​ကြောင်း စိတ်​၀င်​စားစွာ သင်​ယူကြရန်​ ​ပြောကြားခဲ့ပါသည်​။

ယခုသင်​တန်းကို ဆီဆိုင်​မြို့နယ်​၊ ဟိုပုံးမြို့နယ်​၊ ပင်​​လောင်းမြို့နယ်​၊ ​နောင်​တရားမြို့နယ်​၊ ရပ်​​စောက်​မြို့နယ်​၊ က​လောမြို့နယ်​၊ လွိုင်​လင်​မြို့နယ်​၊ ​မောက်​မယ်​မြို့နယ်​၊ ​တောင်​ကြီးမြို့နယ်​၊ ​ကျောက်​တလုံးမြို့နယ်​မှ ​ကျေးရွာ​ခေါင်း​ဆောင်​များ စုစု​ပေါင်းလူဦး​ရေကျား (၁၅၃)ဦး၊ မ (၄၇) ဦး၊ စုစု​ပေါင်း(၂၀၀)ဦး တက်​​ရောက်​​ကြောင်း သင်​တန်းကို ၂၀၁၉-ခုနှစ်​၊ ဇွန်​လ (၁၇ )ရက်​​နေ့မှ (၁၉) ရက်​အထိ သင်​ကြားပို့ချသွားမည်​ဖြစ်​​ကြောင်း သိရှိရပါသည်​။

Khunhtone
Powered by Blogger.