Tuesday, August 13, 2019

လွယ်​မန်း​ကျေးရွာတွင်​ ကွန်​ကရစ်​လမ်းဖွင့်​ပွဲပြုလုပ်​ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်





စိုက်​ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့်ဆည်​​မြောင်းဝန်​ကြီးဌာန၊ ​ကျေးလက်​​ဒေသ ဖွံဖြိုးတိုးတက်​​ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း၏ ​ထောက်​ပံ့​ငွေဖြင့်​ ​ကျေးရွာစီမံကိန်းအ​ထောက်​အကူပြု​ကော်​မတီနှင့်​ ​ကျေးရွာလူထုတို့ပူး​ပါင်း​​အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ခဲ့ပြီး​သော ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ ဆီဆိုင်​မြို့နယ်​ ဘန့်​ဗွီး​ကျေးရွာအုပ်​စု လွယ်​မန်း​ကျေးရွာ၏ ကွန်​ကရစ်​လမ်းနှင့်​ တံတားဖွင့်​ပွဲအခမ်းအနားကို ယ​နေ့ သြဂုတ်​လ (၁၃)ရက်​​နေ့ ၊ နံနက်​ (၈း၀၀) အချိန်​တွင်​ ပြုလုပ်​ကျင်းပခဲ့​ကြောင်း သိရှိရသည်​။ 

ရှေးဦးစွာ လူထုဗဟိုပြုစီမံကိန်း မြို့နယ်​အကြံ​ပေး အဖွဲ့​ခေါင်း​ဆောင်​ ဦးမျို့သန့်​၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ (PNO) ပြန်​ကြား​ရေးဌာန၊ လွယ်​မန်း​ကျေးရွာဥက္ကဋ္ဌ ခွန်​​အောင်းထွိုက်​​ဗွေ၊ အခြေခံပညာမူလတန်းလွန်​​ကြောင်း ​ကျောင်းအုပ်​ ​ဒေါ်လှိုင်​ရီရီထွန်း၊ ရပ်​မိရပ်​ဖကိုယ်​စား ဆရာဆန်းတို့က လမ်းတံတားများကို ဖဲကြိုးဖြတ်​ဖွင့်လှစ်​​ပေးခဲ့ပါသည်​။ 

ထို့​နောက်​ အခမ်းအနားတွင်​ ​ကျေးရွာဥက္ကဋ္ဌ ခွန်​​အောင်းထွိုက်​​ဗွေက လမ်းတံတားတည်​တံ့ခိုင်​မြဲ​ရေး၊ ​ယဉ်​အန္တရာယ်​ကင်းရှင်း​ရေးစသည့်​ အဖွင့်​အမှာစကား​များကို ပြောကြား​ပေးခဲ့ပြီး​နောက်​ မြို့နယ်​နည်းပညာ အကြံ​ပေး​ခေါင်း​ဆောင်​ ဦးမျို့သန့်​က လူထုဗဟိုပြု စီမံကိန်းနှင့်​ ပတ်​သက်​သည့်​ အ​ကြောင်းအရာများကိုလည်း​ကောင်း၊ စည်းလုံးညီညွတ်​​ရေး အ​ကြောင်းအရာများကိုလည်း​ကောင်း​၊ ဖွံ့ဖြိုး​အ​ကြောင်းအရာများကိုလည်း​ကောင်း ပြောကြား​ပေးခဲ့ပါသည်​။ 

စည်းရုံး​ရေးမှူးနန်း​မေဇင်​နှင့်​ နန်းမြစိန်​တို့က လူထုစည်း​ရုံး​ရေး စစ်​​ဆေး​ရေးအ​ကြောင်းအရာများ ရည်​ရွယ်​ချက်​များကို ​ပြောကြား​ပေးခဲ့ပါသည်​။ လူထုဗဟိုပြု ​ကျေးရွာ​ကော်​မတီဥက္ကဋ္ဌ ခွန်​စံသိန်းမှ လမ်းတံတားခင်းရခြင်း၏ အကျိုးရလဒ်​အ​ကြောင်းအရာများကိုလည်း​ကောင်း၊ ​ထောက်​ပံ့​ငွေအ​ကြောင်းအရာများကိုလည်း​ကောင်း ​ပြောကြား​ပေးခဲ့ပြီး​နောက်​ ဘဏ္ဍာ​ငွေအ​ကြောင်းအရာများကို ခွန်​လာဟွိုင်​မှလည်း​ကောင်း၊ အသုံးစရိတ်​များနှင့်​ပတ်​သက်​ပြီး နန်းခမ်း​ရောင်းမှလည်း​ကောင်း၊ ထိန်းသိမ်း​ရေးနှင့်​ ပတ်​သက်​ပြီး နန်းခမ်​စာမှလည်း​ကောင်း၊ ပူး​ပေါင်းပါဝင်​မှုအ​ကြောင်းအရာများကို ခွန်​ထွန်းတင်​မှလည်း​ကောင်း ​ပြောကြား​ပေးခဲ့ပြီး​နောက်​ ပအိုဝ်းအမျိုးးသားအဖွဲချုပ်​ ထီတယမ်း​ကျေးရွာအုပ်​စု တွဲဖက်​အတွင်း​ရေးမှူး ခွန်​​အောင်​သိန်းက ရပ်​မိရပ်​ဖကိုယ်​စား ​ကျေးဇူးတင်​စကား ​ပြောကြားခဲ့ပြီး အခမ်းအနားကို ပြန်​လည်​ရုတ်​သိမ်းခဲ့​ကြ​ကြောင်း သိရှိရပါသည်​။ 

၎င်းကွန်​ကရစ်​လမ်း၏ အကျယ်​အဝန်း ၁၂ ​ပေ၊ အထူ ၆ လက်​မ၊ အလျား​ပေ ၉၀၀ ​ပေ၊ သဲခင်းလမ်း ​ပေ-၆၀၀၊ တံတားသုံးဆင့်​၊ လူထုဗဟိုပြုပံ့ပိုး​ငွေ ၁၉၂-သိန်း၊ လူထုထည့်​ဝင်​​ငွေ ၁၀၃၅၅၉၀၀ ကျပ်​ဖြစ်​​ကြောင်း သိရှိရပါသည်​။

အဆိုပါလမ်းကို ၁၁-၁-၂၀၁၉၊ မှစတင်​တည်​​ဆောက်​ပြီး ၂၉-၇-၂၀၁၉-ရက်​​နေ့တွင်​ တည်​​ဆောက်​ပြီးခဲ့​ကြောင်း သတင်းရရှိပါသည်​။ 

ခွန်​​အောင်းထွိုက်​​ဗွေ
Powered by Blogger.